1. Home
  2. Special or Others

ဓါတ်လှေကားကြောင့် ဘဝဇာတ်သိမ်း မလှခဲ့ရတဲ့ခွေးလေး

Special or Others ธ.ค. 26, 2559 view 1,547
တရုပ်နိုင်ငံ ရှန်ကျိုးဒေသရှိ လူနေအထပ်မြင့် အဆောက်အဦရှိ ဓါတ်လှေကားတစ်ခုတွင် အသက် (၈၀) အရွယ် အဖွားအိုတစ်ဦး သူမ၏ ခွေးလေးကို ကြိုးနှင့်ဆွဲကာ ဓါတ်လှေကားအတွင်း ဝင်ရောက်ခဲ့ပြီးနောက် သွားရောက်မည့် အထပ်ခလုပ်ကို နှိပ်နေစဉ်  ခွေးလေးမှာ ဓါတ်လှေကားအပြင်သို့ ကြိုးတန်းလန်းနှင့် ထွက်သွားခဲ့သည်။
 
ထိုအချိန်တွင် ဓါတ်လှေကားတံခါး ပိတ်သွားခဲ့ပြီး အပေါ်ထပ်သို့ တက်သွားရာ ခွေးလည်ပတ်ကြိုးမှာ တံခါးတွင် ညှပ်လျှက် အပေါ်သို့ ဆွဲတက်သွားခဲ့သည့်အတွက် ဓါတ်လှေကားပြင်ပရှိ ခွေးမှာ ကြိုးတန်းလန်းနှင့် ပါသွားခဲ့သည်။ ဓါတ်လှေကားတွင်းရှိ အဖွားအို၏ အကူညီတောင်းမှုကြောင့် အကူအညီရောက်လာခဲ့သော်လည်း  ခွေးမှာ လည်ပင်းအစ် သေဆုံးခဲ့သည်။
 
တရုပ်နိုင်ငံတွင် ဓါတ်လှေကား ပြသနာကြောင့် လူသေဆုံး ထိခိုက်မှု အမြဲလိုပင် ကြားသိရပြီး ယခုတစ်ခါတော့ ခွေးသေဆုံးခဲ့ရခြင်းဖြစ်သည်။ ဓါတ်လှေကား တံခါး အဖွင့်အပိတ် နှေးကွေး တုံ့ဆိုင်းခြင်းကြောင့် ဖြစ်ရသည်ဟု ဝေဖန်လျှက်ရှိသည်။
 


Follow us on