1. Home
  2. Special or Others

ဒေါ်လာ တစ်သိန်းခွဲတန် Trump မျက်နှာနဲ့ ရွှေသား iPhone 7

Special or Others ธ.ค. 26, 2559 view 1,551

စိန်တွေနဲ့ ကွပ်ထားတဲ့ ဒီရွှေသား Case ကိုတပ်ဆင်ထားတဲ့ iPhone 7 ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၅၁,၀၀၀) ဖြစ်ပြီး ဝယ်သူတွေရဲ့ စိတ်တိုင်းကျ ရွှေထည်ပစ္စည်းတွေကို ဒီဇိုင်းထွင်ဖန်တီးရောင်းချတဲ့ UAE က Goldgenie အမည်ရတဲ့ ဆိုင်က ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ အခုလို ရွှေသား iPhone ကို ဖုန်းကို ထုတ်လုပ်ဖြစ်တဲ့ အကြောင်းနဲ့ပတ်သတ်ပြီး

“ တစ်နေ့က တရုတ်အမျိုးသမီးတစ်ယောက်ဟာ ကျွန်တော်တို့ ဆိုင်ထဲဝင်လာပြီး လက်ရှိသမ္မတမျက်နှာပုံနဲ့ ပစ္စည်းတစ်ခုခု ရှိလား လို့မေးပါတယ်။ တစ်ဆက်တည်းမှာပဲ Trump ရဲ့ ကျမ်းသစ္စာကျိမ်ဆိုခြင်းအခမ်းအနားအပြီးမှာ သူမ အနေနဲ့ ဒီရွှေသား iPhone ကို Trump ကိုပေးဖို့ မျှော်လင့်ထားတာဖြစ်တယ်လို့ ပြောပါတယ်”

ဆိုပြီး Goldgenie စတိုးဆိုင်ရဲ့ မန်နေဂျင်းဒါရိုက်တာက CNN Money ကို ပြောကြားခဲ့ပါတယ်။ ပထမဦးဆုံး ရွှေသား Trump iPhone ကို ရောင်းချပြီးပြီးချင်းမှာပဲ Goldgenie ဆိုင်ဟာ အော်ဒါ (၉) ခုကို ထပ်မံ လက်ခံရရှိခဲ့ပါတယ်။ (၁၉၈၉) ခုနှစ်ကတည်းက လန်ဒန်မြို့မှာ အစပြုခဲ့တဲ့ ဒီလုပ်ငန်းဟာ ဈေးနှုန်းမြင့် ရွှေသားပစ္စည်းတွေကို အမြောက်အများ ထုတ်လုပ်ရောင်းချခဲ့ပြီး ဈေးနှုန်းအမြင့်ဆုံးနဲ့ ရောင်းချခဲ့ဖူးတဲ့ ပစ္စည်းကတော့ ရွှေသားနဲ့ပြုလုပ်ထားတဲ့ ဒေါ်လာ (၃)သိန်းခွဲတန် racing bike ဖြစ်တယ်လို့ သိရပါတယ်။

Credit : digitaltimes



Follow us on