1. Home
  2. Myanmar News

မ.ထ.သ လက်အောက်မှာ ပြည်သူတွေ ထောက်ခံမှုရနေတဲ့ မော်တော်ယာဉ်လိုင်း

Myanmar News ธ.ค. 27, 2559 view 1,463
မ.ထ.သ မော်ယာဉ်လိုင်း လုပ်သားအချို့၏ ခရီးသည်များနှင့် အခြားလမ်းအသုံးပြုသူများအပေါ် မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်ရိုက်နှက်မှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် လက်တုန့်ပြန်နိုင်ရန် လူမှုကွန်ယက်ပေါ်တွင် စုစည်းမှုများ ရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း မ.ထ.သ အဖွဲ့အစည်းအောက်တွင် စနစ်တကျလုပ်ကိုင်ဆောင်ရွက်နေသော ၄၅ ယာဉ်လိုင်းနှင့် ၄၈ ယာဉ်လိုင်းတို့ကို ဦးစီးတည်ထောင်သူ ကိုတရုပ်လေး၏ လုပ်ဆောင်ချက်များကို အများပြည်သူက ကြိုဆိုအားပေးလျှက်ရှိကြသည်။
 
မ.ထ.သ အဖွဲ့အစည်း၏ လက်အောက်တွင် လုပ်ကိုင်ကြတာခြင်းအတူတူ ဘယ်လို ဘယ်အကြောင်းတွေကြောင့် ခရီးသွားပြည်သူတွေရဲ့ ချစ်ချင်မှုကို ရရှိပြီး အောင်မြင်သော ယာဉ်လိုင်းအဖြစ် ရပ်တည်နေနိုင်ပါသလဲ ဆိုတာကို MBC သတင်းဌါန၏ ရုပ်သံကို မေးမြန်းခန်းမှာ တင်ဆက်ထားပါတယ်။ 
အခြားအခြားသော မ.ထ.သ ယာဉ်လိုင်းတွေလဲ နည်းစနစ်များကို အတုယူ၍သော်၎င်း၊ မ.ထ.သ (ဗဟို) အဖွဲ့အစည်း ကိုယ်တိုင်က အဆိုပါ စနစ်များကို မဖြစ်မနေ လိုက်နာရမည့် အခြေခံစနစ်များ အဖြစ် ပြဌါန်းခြင်း၊ ယာဉ်လုပ်သားများ ရွေးချယ်ရာတွင် စိစစ်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ပြုလုပ်မည် ဆိုပါက ယာဉ်လိုင်းလုပ်သားနှင့် ခရီးသွားပြည်သူများအကြား ဖြစ်ပေါ်လျှက်ရှိသော ပဋိပက္ခများ လုံးဝနီးပါး ပြေလျော့သွားမည်ဟု မျှော်လင့်မိပါသည်။
 
Video:MBC
 


Follow us on