1. Home
  2. Myanmar News

ရန်ကုန်မြို့တွင် ယာဉ်ရပ်နားခ ပြန်လည်၍ ကောက်ခံတော့မည်

Myanmar News ธ.ค. 28, 2559 view 1,466
ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန်ထရိုက်စနစ်နှင့် ကားပါကင်ကြေးကောက်ခံမှုကို လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း မူလလုပ်ပိုင်ခွင့်ရသူက အဆင့်ဆင့် လက်လွှဲခဲ့ပြီး ငွေရလိုမှုကိုသာ ဦးစားပေးခဲ့သဖြင့် စည်းစနစ်ကျနခြင်း မရှိသည့်အတွက် အစိုးရသစ်လက်ထပ်တွင် ကားပါကင်ကြေး ကောက်ခံမှုစနစ်ကို ဖျက်သိမ်းခဲ့သည်။
 
သို့သော် ရန်ကုန်မြို့တွင် ယာဉ်အစီးရေ တိုးမြင့်လာခြင်းနှင့် စည်းစနစ်ကျနစွာ ရပ်နားခြင်းမရှိသည့် မော်တော်ယာဉ်များကြောင့် လမ်းပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိသည့်အတွက် အများပြည်သူပိုင်လမ်းများတွင် လမ်း၏အကျယ်အဝန်း အနေအထားပေါ်မူတည်ကာ ကားရပ်မည့်ပုံစံကို အရှည်လိုက်၊ ၄၅ ဒီဂရီ၊ ၉၀ ဒီဂရီ စသည်ဖြင့် သတ်မှတ်မျဉ်းများရေးဆွဲကာ ယာဉ်ရပ်နားခကိုလည်း စနစ်တကျကောက်ခံသွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂၇ ရက် တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
Credit:7Day
 


Follow us on