1. Home
  2. Myanmar News

အင်တာနက်မှ ညစ်ညမ်းဗီဒီယိုဇာတ်ကား ရောင်းချသူများကို ဖမ်းဆီးအရေးယူ

Myanmar News ธ.ค. 28, 2559 view 1,562
နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းသို့ Facebook Account တစ်ခုတွင် (၁၃)နှစ်အောက် မိန်းကလေးများနှင့် ကာမစပ်ယှက်သည့် ညစ်ညမ်းဗီဒီယိုဇာတ်လမ်းများ ရောင်းချနေကြောင်း တာဝန်သိပြည်သူတစ်ဦးက ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့သို့ ဆက်လက်အကြောင်းကြားခဲ့သည်။
 
အမှတ်(၁)မှုခင်းရဲတပ်ဖွဲ့စု(နေပြည်တော်)မှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာXboylay-13 under Facebook Account အားတွေ့ရှိပြီး (၁၃ နှစ်)အောက် မိန်းကလေးများနှင့် ကာမစပ်ယှက် သည့် ညစ်ညမ်းဗီဒီယိုဇာတ်ကား ၁၀၀ လျင် ဖုန်းဘီလ် ၃၀၀၀ ကျပ်၊ ဇာတ်ကား ၂၀၀ လျှင် ဖုန်းဘီလ် ၅၀၀၀ ကျပ်၊ ဇာတ်ကား ၅၀၀ လျင် ဖုန်းဘီလ် ၁၀၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူနိုင်ကြောင်း ကြော်ငြာထားသဖြင့် တပ်ဖွဲ့ဝင်များက အသွင်ယူဆက်သွယ်ဝယ်ယူခဲ့သည်။
 
ဝယ်ယူသည့် ဖုန်းဘီလ် များအား ဆက်သွယ်လက်ခံသည့် ၀၉-၂၅၈၈××××× ဖုန်းနံပါတ်ကိုင်ဆောင်သူမှာ မြင်းခြံမြို့နယ်၊ ချောင်းလယ်ကျေးရွာနေ မျိုးလှိုင်ဦး(ခ)ဖိုးသား(၂၂ နှစ်)ဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ ၎င်းအား နေပြည်တော်၊ အမှတ်(၁)မြို့မရဲစခန်း(ပ)၂၈၈/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အရေးယူစစ်ဆေးခဲ့သည်။
 
၎င်းသည် လွန်ခဲ့သည့် ငါးလခန့်မှစ၍ ၀၉-၂၅၉၉××××× နှင့် ၀၉-၄၄၅၃×××× တို့ဖြင့် Sex Video များကို အင်တာနက်စာမျက်နှာများတွင် ရှာဖွေစုဆောင်းခဲ့ကြောင်း၊ ဆက်သွယ်ဝယ်ယူသူများအား ဖုန်းဘီလ်ပို့သည့် ဖုန်းနံပါတ်သို့ အင်တာနက်မှ Link ကို ပြန်လည် ပေးပို့ခဲ့ကြောင်း၊ ရရှိလာသည့် ဖုန်းဘီလ်များအား ၎င်း၏ဖုန်းများတွင် ထည့်သွင်း အသုံးပြုကြောင်း၊ ၀၉-၂၅၈၈ ××××× ဖုန်းနံပါတ်မှာ ညီဖြစ်သူ မျိုးကျော်ကျော်(၁၇ နှစ်)၏ ဖုန်းဖြစ်ကြောင်းသိရှိရ၍ မျိုးကျော်ကျော် အား ဆက်လက်စစ်ဆေးခဲ့သည်။
 
၎င်းသည် Sex Video များကို အင်တာနက် စာမျက်နှာများမှ စုဆောင်းပြီး ဖုန်းဘီလ်များဖြင့် ရောင်းချခဲ့ကြောင်း၊ ဆက်သွယ်ဝယ်ယူသူများကို ဖုန်းဘီလ်ပို့သည့် ဖုန်းနံပါတ်သို့ အင်တာနက်မှ Link ကို ပြန်လည်ပေးပို့ခဲ့ကြောင်း၊ ရရှိလာသည့် ဖုန်းဘီလ်များအား ၎င်းတို့နှစ်ဦး၏ဖုန်းများတွင် ဖုန်းဘီလ်များအား ထည့်သွင်းအသုံးပြု၍ ပိုသည့် ဘီလ်များအား ရွာထဲတွင်ပြန်လည်ရောင်းချခဲ့ကြောင်း သိရှိရ၍ မျိုးလှိုင်ဦး(ခ)ဖိုးသားနှင့် မျိုးကျော်ကျော် တို့အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
 
Credit:မြန်မာ့အလင်း
 


Follow us on