1. Home
  2. Myanmar News

ဟံသာဝတီလေဆိပ်စီမံကိန်းစာချုပ်ကို ၂၀၁၇ ဖေဖော်ဝါရီကုန်မှသာ ချုပ်ဆိုနိုင်မည်ဟုဆို

Myanmar News ธ.ค. 28, 2559 view 1,834

ဟံသာဝတီလေဆိပ် စီမံကိန်းလုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီနှင့် စီမံကိန်းစတင်ရေးစာချုပ်ကို မူလက ဒီဇင်ဘာတွင် ချုပ်ဆိုရန် ခန့်မှန်းထားသော်လည်း ဆွေး နွေးညှိနှိုင်းမှုများ မပြီးပြတ်သေး၍ လာမည့်နှစ် ဖေဖော်ဝါရီလကုန် မှသာ စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခုက တင်ဒါအောင်ထားတဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေမပြီး သေးဘူး။ ဆွေးနွေးညှိနှိုင်းမှုတွေက နောက်ထပ် နှစ်ကြိမ်လုပ်ရမယ်။ တစ်ကြိမ်ကို တစ်လလောက်ကြာမှာ ဖြစ်တဲ့အတွက် ဖေဖော်ဝါရီအကုန်လောက်မှ စာချုပ်ချုပ်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက် ရေးစီမံကိန်းအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီအပါအဝင် ကော်မတီသုံးရပ် ဖွဲ့စည်းဆောင်ရွက်နေပြီး အဆိုပါတင်ဒါအောင်ထားသည့် ကုမ္ပဏီနှင့် တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ဆဲဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ဆက်လက်ပြောကြားခဲ့သည်။ ပဲခူးမြို့ ကျောက်တိုင်ကန်ရွာအနီးရှိ ယခင်ဒုတိယကမ္ဘာစစ် ဂျပန်ခေတ်က လေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက ၉၀ ကျော်တွင် အကောင်အထည်ဖော်မည့် ဟံသာဝတီလေဆိပ် စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁ ဒသမ၄ ဘီလီယံကုန် ကျနိုင်ဖွယ်ရှိကြောင်းစီမံကိန်း လုပ်ကိုင်မည့် ကုမ္ပဏီက ခန့်မှန်းသည်။ မူလက ဟံသာဝတီလေဆိပ်စီမံကိန်းကို ၂၀၁၆ တွင် စတင်ရန် မျှော်မှန်းသော်လည်း ကုမ္ပဏီရွေးချယ်မှုအပိုင်း၌ ကြန့်ကြာနေ၍ ၂၀၁၇ မှသာ စတင်နိုင်မည်ဖြစ်သည်။

Credit : 7daydaily



Follow us on