1. Home
  2. Myanmar News

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပထမဆုံးအကြိမ် ကျင်းပမယ့် သဘင်သက်ကြီးပူဇော်ပွဲ

Myanmar News ธ.ค. 30, 2559 view 1,534

မြန်မာတစ်နိုင်ငံလုံးဆိုင် ရာ သဘင်သက်ကြီးပူဇော်ပွဲကို လာမည့် နှစ်ဆန်းတွင် ပြုလုပ်ရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပထမဆုံးအကြိမ် ပြု လုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဗဟိုပြန်ကြားရေးမှူး ဒေါ်ပတ္တမြား ကေခိုင်က ပြောကြားသည်။‘‘သဘင်သက်ကြီးပူဇော်ပွဲ တွေကို အရင်ကတော့ တိုင်းအ လိုက် လုပ်တာရှိတယ်။ ဒီနှစ်မှာ တော့ ဗဟိုကနေ တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ပြုလုပ်သွားမှာပါ’’ ဟု ၎င်းက ပြောသည်။

သဘင်သက်ကြီးပူဇော်ပွဲအ တွက် အသက် (၇၅)နှစ်အထက် သက်ကြီးသဘင်ပညာရှင်များ အား ကန်တော့မည်ဖြစ်ပြီး တစ်ဦးလျှင် တစ်သိန်းကျပ် ကန်တော့နိုင် ရန် ရည်ရွယ်ထားသောကြောင့် သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံ ငွေပွဲများ ကပြလျက်ရှိကြောင်း ဒေါ်ပတ္တမြားကေခိုင်က ပြော သည်။ ‘‘ကျိုက်ခေါက်ဘုရားပွဲဆို ရင် ဇာတ်တော်တော်များများက ရန်ကုန်မှာရှိကြတာဆိုတော့ အဲဒီ အချိန်လောက်မှာ သက်ကြီးပူဇော်ပွဲကို ပြုလုပ်ဖို့များပါတယ်။အချိန်တော့ အတိအကျမသတ်မှတ်ရ သေးပါဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သဘင်သက်ကြီးပူဇော်ပွဲအ တွက် တစ်နိုင်ငံလုံးမှ သက်ကြီး သဘင်ပညာရှင်စာရင်း ကောက် ခံနေရာ လက်ရှိအထိ လူဦးရေ ကိုးရာခန့်ရှိကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး ဗဟိုဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချစ် က ပြောသည်။မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေဖျော်ဖြေပွဲများကို ရွှေ ပေါက်ကံ၊ မိုးကောင်းနှင့် သာကေ တမြို့များတွင် ပြုလုပ်ခဲ့ပြီး ဆက် လက်၍ အင်းစိန်၊ မယ်လမုနှင့် လှိုင်သာယာတို့၌လည်း ရန်ပုံငွေ ကပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိ ကြောင်း သတင်းရရှိသည်။

Credit : 7day daily



Follow us on