1. Home
  2. Myanmar News

ဘင်္ဂလား ပင်လယ်အော်တွင် ရေတပ် အင်အား အပြန် အလှန် တိုးမြှင့် လျက်ရှိ

Myanmar News ธ.ค. 30, 2559 view 1,575

၂၀၁၆ နိုဝင်ဘာလအတွင်းက ဘင်္ဂလားဒေ့ရှ်မှ အသစ်စက်စက် မဟုတ်သော်လည်း အဟောင်းပြန်လည် မွမ်းမံထားတဲ့ တရုတ် ပြည်က ၀ယ်ယူထားတဲ့ ရေငုတ်သင်္ဘော ၂ စီး ရောက်ရှိလာတဲ့ အတွက် ဘင်္ဂလား ပင်လယ်အော် အတွင်း ရေငုပ်သင်္ဘောပိုင်တဲ့ ဒုတိယ မြောက် နိုင်ငံ ဖြစ်သွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က တစင်းကို ဒေါ်လာ သန်း ၂၅၀ တန် ရေငုပ်သင်္ဘောတွေ ၀ယ်ယူချင်ပေမယ့် တိုင်းပြည်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၂၀၀၉ မှာ ဒေါ်လာ ၂၀၃ သန်းတန် Ming အမျိုးအစား ပြန်လည် မွမ်းမံထားတဲ့ ရေငုပ်သင်္ဘောတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါကလည်း မြန်မာနဲ့ ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားခဲ့ပြီးနောက်ပိုင်း မှာယူခဲ့တာ ဖြစ်ပါတယ်။ တော်ပီဒို အစင်း ၁၄ ခုနဲ့ ရေမြုပ်မိုင်း ၃၂ လုံးကို သယ်ယူနိုင်စွမ်း ရှိပါတယ်။ အဆိုပါ ရေငူပ်သင်္ဘောတွေကို ကောက်ဘဇား အနီးက ရေတပ်စခန်းမှာ ထားရှိမှာ ဖြစ်ပါတယ်။

မြန်မာကလည်း အိန္ဒိာက ထောက်ပံ့တဲ့ အသံလှိုင်း ဖြင့် ရေအောက်ပစ္စည်းများ ရှာဖွေတဲ့ Sonar ကိရိယာတွေနဲ့ ရေတပ်သဘောင်္တွေကို တပ်ဆင်လာနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ ကမ္ဘာ့ စင်မြင့်ပေါ်မှာ လက်နက်နိုင်ငံတခု အဖြစ် ရောက်ရှိလာရေး ၂၀၀၉ မှာ ချမှတ်ခဲ့သော မဟာဗျုဟာ ရည်မှန်းချက်ဖြစ်တဲ့ "Forces Goal 2030" အရ အခုလို ရေငုပ်သင်္ဘောတွေ မှာယူလာခဲ့တာ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက် အထမြောက်ရေး အတွက် တရုတ်ပြည်ကလည်း အကူအညီပေးနေပါတယ်။ အလားတူ မြန်မာရေတပ် ခေတ်မှီရေး အတွက်လည်း တရုတ်က အကူအညီပေးနေပြန်ပါတယ်။ တန်ချိန် ၃၀၀၀ ရှိ ကျန်စစ်သား အမျိုးအစား ဖရီးဂိတ် တွေ ဆောက်လုပ်ရေး အကူအညီပေးနေပါတယ်။ နှစ်စင်းက ရေချပြီးသွားပြီ ဖြစ်ပြီး နောက်ထပ် သုံးစီး ထပ်ပြီး တည်ဆောက်နေပါတယ်။

အိန္ဒိယ ဆီကလည်း အကူအညီ ရယူနေသလို မကြာမီက နှစ်နိုင်ငံ ရေတပ်ချင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ၇၇၃- တပင်ရွှေထီး အမျိုးးအစား ပဲထိန်းတပ် ဒုံးကျည်များ တင်ဆောင်နိုင်သည့် စစ်ရေယာဉ် အပါအ၀င် ရေယာဉ် အမြောက်အမြား ရေချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ သင်္ဘောတွင် ရေငုပ်သင်္ဘောပြစ် ရောကက်လောင်ချာတွေပါ တပ်ဆင်ထားပါတယ်။

နှိုင်းယှဉ် နိုင်ရန် တင်ပြရမည်ဆိုက -

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်သည် ၂၀၁၆-၁၇ အတွက် အမေရိကန် ဒေါ်လာ ၃.၀၃ ဘီလီယံ ရှိပြီး ယင်းသည် တနိုင်ငံလုံး ထုတ်ကုန် စုစုပေါင်း GDP ၏ ၁.၂% သာ ရှိပေသည်။ မြန်မာ နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်သည် ၂၀၁၄-၁၅ အတွက် အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ ရှိပြီး ယင်းသည် တနိုင်ငံလုံး ထုတ်ကုန် စုစုပေါင်း GDP ၏ ၄.၃% ရှိသည်ဟု မြန်မာတိုင်းမ် တွင် ဖေါ်ပြထားသည်ကို ဖတ်ရှု့ခဲ့ရပါတယ်။ မိမိတို့ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများ တိုးတက် ကာ စီးပွား ဖွံ့ဖြိုး လာနိုင်သည်နှင့်အမျှ တိုင်းပြည်ကာကွယ်ရေး အတွက် လိုအပ်တဲ့ စစ်အင်အားတွေ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်။

Credit : nyanhline/



Follow us on