1. Home
  2. Myanmar News

ဝက်နှင့် ကာမစပ်ယှက်သူကို ဝက်ပိုင်ရှင်က အမှုဖွင့်

Myanmar News ธ.ค. 30, 2559 view 1,587

- အိမ်နီးချင်း အမျိုးသားက အိမ်တွင် မွေးထားသည့် ဝက်မနှင့် ကာမစပ်ယှက်နေသဖြင့် အရေးယူပေးရန် ဝက်ပိုင်ရှင်က ကလေးမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။စစ်ကိုင်းတိုင်း ကလေးမြို့ နတ်ချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၃၇ နှစ် အရွယ် မစန်းပိုသည် အိမ်နောက်ဖေးတွင် အပေါ့စွန့်နေစဉ် အိမ်နီးချင်းနေ အသက် ၅၀ အရွယ် ဦးကြည် (ဘ) ဦးအုန်းခိုင်က နေအိမ်ခြံဝန်း မြောက်ဘက်အစပ်ရှိ ခြံဝင်းကိုကျော်ကာ နွားစာတိုက်အောက်တွင် မွေးမြူထားသော တစ်နှစ်သားကျော် အရွယ်ရှိ ဝက်မအား ကာမစပ်ယှက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

- ယင်းကြောင့် စောင့်ကြည့်မှု ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မစန်းပိုနှင့် ခင်ပွန်း ဦးထွန်းထွန်းဝင်းတို့က အိမ်အနောက်ဖက်ရှိ နွားစာခွက်အတွင်း ဝင်ရောက်ပုန်းအောင်း စောင့်ကြည့်နေစဉ် ဦးကြည်သည် ခြံစည်းရိုး ကျော်ဝင်လာပြီး ဝက်မကို ထပ်မံ ကာမစပ်ယှက်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့် ဦးကြည်အား အရေးယူပေးရန် မစန်းပိုက ဒီဇင်ဘာ ၂၉ ရက် နံနက်က ကလေးမြို့ မြို့မရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ကလေးမြို့ မြို့မရဲစခန်းမှ သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးမြို့ မြို့မရဲစခန်းမှ (ပ) ၅၆၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ကာ ဦးကြည်အား အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ကလေးမြို့ မြို့မရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

Credit : thevoicemyanmar



Follow us on