1. Home
  2. Special or Others

တစ်နာရီအတွင်း ကယ်လိုရီအများဆုံး ကျဆင်းမယ့် လှုပ်ရှားမှု

Special or Others ธ.ค. 30, 2559 view 1,623

အစားတွေများ အထိုင်တွေများပြီး ခန္ဓာကိုယ်အတွင်းမှာ ကယ်လိုရီတွေများစွာ စုဝင်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆို တစ်နာရီအတွင်း လှုပ်ရှားလိုက်ရုံနဲ့ ကယ်လိုရီများစွာ လောင်ကျွမ်းသွားနိုင်မယ့်အရာများနဲ့ မိတ်ဆက်ပေးပါမယ်။ ပထမဆုံးဦးဆုံး ပြောပြပေးချင်တဲ့ လှုပ်ရှားမှုတွေကတော့ ဘစ်စကတ်ဘောကစားခြင်းနဲ့ တင်းနစ်ကစားခြင်းတို့ဖြစ်ပါတယ်။

ဒီကစားတွေကို ကစားမယ်ဆိုရင် ပေါင်နှစ်ရာလောက်ရှိတဲ့ လူတစ်ယောက်အနေနဲ့ တစ်နာရီအတွင်းမှာ ၇၂၈ကယ်လိုရီအထိ ကျဆင်းသွားစေနိုင်ပါတယ်။ တစ်နာရီကို ငါးမိုင်နှုန်းခန့်နဲ့ ပြေးလွှားမယ်ဆိုရင်တော့ တစ်နာရီအတွင်းမှာ ၇၅၅ကယ်လိုရီအထိ ကျဆင်းနိုင်ပါတယ်။ ဒါမှမဟုတ် လှေကားတွေပေါ်ကို ပြေးလွှားတတ်မယ်ဆိုရင်တော့ တစ်နာရီအတွင်းမှာ ၈၁၉ကယ်လိုရီအထိ ကျဆင်းသွားနိုင်ပါတယ်။

ကယ်လိုရီလည်းကျချင်သလို ကိုယ်ခံပညာလည်း တတ်ချင်တယ်ဆိုရင် သင့်အတွက် တိုက်ကွန်ဒိုပညာရပ်က အသင့်လျော်ဆုံးပါပဲ။ တိုက်ကွန်ဒိုကစားခြင်းဖြင့် တစ်နာရီအတွင်းမှာ ၉၃၇ကယ်လိုရီအထိ ကျဆင်းစေနိုင်ပါတယ်။ ကယ်လိုရီများစွာ ကျဆင်းသွားဖို့ အကောင်းဆုံးလှုပ်ရှားမှုနှစ်ခုကတော့ ကြိုးခုန်တာနဲ့ တစ်နာရီကို ရှစ်မိုင်နှုန်းခန့် ပြေးလွှားတာပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကနေ တစ်နာရီပြုလုပ်လိုက်မယ်ဆိုရင် သင့်အနေနဲ့ ၁၀၇၄ကယ်လိုရီအထိတောင် ကျဆင်းသွားစေမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

Credit : knowledge.thithtoolwin



Follow us on