1. Home
  2. Movie Stars - Celebrity

သက်မွန်မြင့်နဲ့ ဆင်တယ်ဆိုတဲ့ ဆရာဝန်မလေးနဲ့ ကိုမင်းကိုနိုင် အိမ်ထောင်ပြုပြီ

Movie Stars - Celebrity ม.ค. 02, 2560 view 2,468
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတွင် ရှေ့တန်းမှပါဝင်လှုပ်ရှားခဲ့ပြီး စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းကို ခံခဲ့ရဖူးသူ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ခ)ကိုပေါ်ဦးထွန်းနှင့် ဒေါက်တာသီရိလွင်တို့ နှစ်ဦး ဒီဇင်ဘာလ ၂၅ ရက်နေ့က နှစ်ဖက်သောမိဘများ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ထိမ်းမြားမင်္ဂလာပြုခဲ့ကြကြောင်း သိရှိရသည်။
 
 
 
အဆိုပါ လက်ထပ်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြာရေးဝန်ကြီးလည်းဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ကာ လက်ထပ်လက်စွပ် လဲလှယ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 
 
ကိုမင်းကိုနိုင် လက်ထပ်တော့မည်ဆိုသော သတင်းမှာ ဒီဇင်ဘာလ မတိုင်မီထဲက ထွက်ရှိခဲ့သော်လည်း ကိုမင်းကိုနိုင်မှ “ပြောကြတဲ့အတိုင်းဖြစ်ရင်ကောင်းမှာပေါ့” ဟုသာ ဖြေကြားထားခဲ့ပြီး ယခုတစ်ကယ်အမှန် ဖြစ်လာသည့်အတွက် လူပျိုးကြီးဘဝမှကျွတ်သွားသော ကိုမင်းကိုနိုင်နှင့်ဇနီးအား လူမှုကွန်ယက်စာမျက်နှာပေါ်မှ ပရိသတ်များက ဆုမွန်းကောင်းများ တောင်းပေးလျက်ရှိကြသည့်အပြင် ဒေါက်တာသီရိလွင်ကိုလည်း သက်မွန်မြင့်နဲ့ ခပ်ဆင်ဆင်တူတယ်ဟု ဝေဖန်လျှက်ရှိသည်။
 


Follow us on