1. Home
  2. Myanmar News

လူနာတင်ယာဉ်ကိုပြိုင်မောင်း ကျော်တက်သော အငှားယာဉ်တိမ်းမှောက်

Myanmar News ม.ค. 02, 2560 view 1,532
၂၀၁၇ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကိုယ်ဝန်ဆောင်လူနာတစ်ဦးအား အရေးပေါ်ခွဲစိတ်မီးဖွားရန် အင်းစိတ်ဆေးရုံကြီးသို့ ပို့ဆောင်ရန် အမှတ်(၄)လမ်းမကြီးအတိုင်း မောင်းနှင်လာသော မြင့်မြတ်စေတနာပရဟိတအသင်း(မှော်ဘီ)၏ လူနာတင်ယာဉ်ကို တက္ကစီအငှားယာဉ်တစ်စီးမှ ကျောက်ပုန်းကျေးရွာအလွန်တွင် လူနာတင်ယာဉ်နှင့် ယှဉ်ပြိုင်မောင်းနှင်ခဲ့ပြီး ကျော်တက်မည်ပြုစဉ်တွင် ရုတ်တရက် ကားဘီးတာယာပွင့်ထွက်ကာ လမ်းမကြီး၏ ဝဲဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သတင်းရရှိသည်။
 
 
အဆိုပါဖြစ်ရပ်ကို လူနာတင်ယာဉ်မှ တွေ့ရှိခဲ့ပြီးနောက် ပရဟိတအသင်းသို့ ချက်ချင်းသတင်းပေးပို့ခဲ့သဖြင့် အသင်းမှ နောက်ထပ်လူနာတင်ယာဉ်တစ်စီး စေလွှတ်ကာ အရေးပေါ်ကူညီခဲ့ရကြောင်း မြင့်မြတ်စေတနာပရဟိတအသင်း(မှော်ဘီ)၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။
 
 
လူနာတင်ယာဉ်၊ မီးသတ်ယာဉ်နှင့် အခြားအရေးပေါ်ယာဉ်များကို ပထမဦးစားပေးကာ လမ်းဘေးချ ရှောင်တိမ်းရမည့်အစား လိုက်လံပြိုင်မောင်း ကျော်တက်ရန် ကြိုးစားသော အဆိုပါယာဉ်မောင်း၏ စိတ်ဓါတ်မှာ အလွန်အန္တရာယ်များပြီး သက်ဆိုင်ရာမှ စိစစ်အရေးယူနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
 
Source: မြင့်မြတ်စေတနာပရဟိတအသင်း(မှော်ဘီ)
 


Follow us on