1. Home
  2. Myanmar News

Excel Tower Hotel တွင် နှစ်လောင်းပြိုင်လူသတ်မှု နှစ်သစ်ကူးနေ့က ဖြစ်ပွား

Myanmar News ม.ค. 02, 2560 view 1,739
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Excel Tower ခြောက်လွှာတွင် ချစ်သူမှအဆက်ဖြတ်ရန် ကြိုးစားသည့်အတွက် သတ်ဖြတ်ခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
အဆိုပါဟိုတယ်တွင် ဧည့်ကြိုဝန်ထမ်းအဖြစ် လုပ်ကိုင်နေရှိသော မစန္ဒာ(ခ)စန်းရတနာဦး (၂၁နှစ်)အား သူမ၏ ချစ်သူရည်းစားဖြစ်သူ ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်ရပ်ကွက်နေ (၂၆နှစ်)မှ ဟိုတယ်ခြောက်လွှာရှိ အခန်းအမှတ်(6-C) တွင် ရှစ်လက္မအရှည် ဓါးဦးချွန်နှင့် ထိုးသွင်းသတ်ဖြတ်ခဲ့ရာ မစန္ဒာ၏ ရင်အုံတွင် ထိုးသွင်းဓါတ်ရာ (၁၃)ချက်၊ ခါး၌ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် မျက်နှာတွင် ပြတ်ရှဒဏ်ရာများနှင့် သေဆုံးခဲ့သည်။
 
 
မစန္ဒာ၏ အော်ဟစ်သံကြောင့် အခြားအမျိုးသမီးဝန်ထမ်း သုံးဦးမှသွားကြည့်ခဲ့ရာ တရားခံဖြစ်သူ ရဲဝင်းက မစန္ဒာအား ဓါးဖြင့်ထိုးသတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုလည်း ဓါးဖြင့်ထိုးသွင်းကာ အဆုံးစီရင်သွားကြောင်း မျက်မြင်သက်သေ မြင်တွေ့ခဲ့ရသည်။
ရဲဝင်းနှင့် မစန္ဒာတို့၏ လက်ကိုင်ဖုန်းများကို သက်ဆိုင်ရာမှ စစ်ဆေးခဲ့ရာတွင် အခင်မဖြစ်ပွားမီ အသံသွင်းထားခဲ့သော ၃၅မိနစ် ၂၄စက္ကန့်ကြာ အသံဖိုင်များကို နားထောင်ခဲ့ပြီးနောက် သမီးရည်းစား လမ်းခွဲရန်ကြိုးစားသည်ကို မကျေနပ်၍ သတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။
 
 “အတ္တကြီးတာ နင့်ကိုငါချစ်လို့၊ မင်းငါ့ကို ထားမသွားပါနဲ့လို့ မင်းအရင်က ပြောဖူးတယ်နော်၊ ငါဘယ်တော့မှ 
မထားဘူးလို့ကတိပေးခဲ့တယ်၊ ထားသွားရင်လည်း ဘာလုပ်မလဲဆိုတာ မိန်းမသိတယ်နော်၊ မိန်းမလည်း ကိုယ့်ကိုပြောခဲ့ပါတယ်၊ လွယ်လွယ်နဲ့ လမ်းခွဲပေးမယ်ထင်လား၊ နင့်ကိုငါ မခွဲနိုင်ဘူး၊ နင့်ကိုချစ်ခဲ့တာ ဒီလိုမဟုတ်ဘူး” ဟုပြောဆိုကာ ရဲဝင်းမှ ဓားဖြင့်ထိုး၍ သေဆုံးသူ မစန္ဒာ(ခ)မစန်းရတနာဦး၏
အော်ဟစ်သည့်အသံများပါရှိခဲ့သည်။
 
 
လူသတ်မှု တရားခံ ရဲဝင်းအား ဗဟန်းမြို့မရဲစခန်း၌ ပုဒ်မ-၃၀၂ ဖြင့်၎င်း၊ မိမိကိုယ်ကို သတ်သေခဲ့
သဖြင့် သေမှုသေခင်းရေးဖွင့်၍၎င်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
 
Source:YangonPolice
 


Follow us on