
အွန်လိုင်းမှာ ပစ္စည်းတွေကို ရောင်းချပြီး ငွေကြေး လိမ်လည်မှုတွေကိုblack listဆိုတဲ့ဂရု(ပ်)မှာသာတင်ကြပေမဲ့အခုနောက်ပိုင်းမှာအမှုဖွင့်နေကြ ပြီလို့သိရပါတယ်။ ‘အစကတော့ သူက လိမ်သွားတာ၊ အဲဒါကို လိမ်တယ်ဆိုပြီး ဘလက်စ်လစ်တင်လိုက်တယ်၊ တော်တော်တောင်ကြာနေပြီတင် ထားတာ၊ အဲဒီတုန်းက ဖုန်းဆက်တော့လဲ စက်ပိတ်ထားတယ်၊ အကောင့်ကိုလဲ ဖျက်လိုက်တယ်၊ သူ့ ဖုန်းကို ခဏခဏဆက်တယ်၊ ဝင်သွားတော့ ပြန်လျော်ပေးဖို့ပြောတာကို သူ့ကိုအဲဒီလိုတင်လို့တိုင် မယ်ပေါ့၊ သူ့အဖေက အရာရှိဆို ပြီးတော့ပြောတယ်၊ လိမ်ခံရတဲ့သူတွေ စုပြီးတော့ တိုင်မှာပါ” လို့ အွန်လိုင်းရှော့ပင်းပြုလုပ်သူ ကိုနန္ဒက ပြောပါတယ်။
အရင်တုန်းက ငွေကြေးလိမ်တာခံရရင် black list ဆိုတဲ့ဂရု(ပ်) မှာ တင်လိုက်ပြီးရင် ပြီးသွားပေမဲ့ အခုအချိန်မှာတော့ တရားစွဲတာတွေကိုပါ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလိမ်တာ က ၆၆ ( ဃ) နဲ့ တရားစွဲနိုင်သလိုတင်တဲ့သူတွေကိုလည်း အသရေ ဖျက်မှုနဲ့ တရားပြန်စွဲလို့ရမှာလည်း ဖြစ်ပါတယ်။ အွန်လိုင်းမှာ ဈေးရောင်းနေတဲ့သူတွေက သူတို့ကို အပြင်မှာမြင်ရတာမဟုတ်ဘူးဆို ပြီး လိမ်တာတွေရှိသလို အမှုဖွင့်အရေးယူလို့မရနိုင်ဘူးဆိုပြီးတော့ လိမ်နေတာတွေလည်း ရှိပါတယ်။
လိမ်သွားတဲ့သူတွေကို တိုင်ချင်တယ်ဆိုရင်တော့ ပြောထားတဲ့ အချက်အလက်တွေ အကုန်လုံးကို သိမ်းထားပြီး လိမ်သွားတဲ့သူရဲ့ အနီးနားရဲစခန်းမှာဖြစ်ဖြစ် ၊တိုင်သူရဲ့အနီးအနားစခန်းမှာဖြစ်ဖြစ် တိုင်လို့ရမှာလည်း ဖြစ်ပါတယ်။ အခု လတ်တလောမှာတော့ လိမ်သွားတဲ့သူတွေကို အမှုဖွင့်တိုင်ကြားတာတွေရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
Credit : Kumudra
comment