1. Home
  2. Special or Others

ခင်ပွန်းသည် သူမကိုစကားပြန်ပြောဖို့ အနှစ်၂၀ လုံးလုံးစောင့်စားခဲ့ရတဲ့ ဇနီးသည်

Special or Others ม.ค. 02, 2560 view 1,496
ဂျပန်နိုင်ငံက အိမ်ထောင်ရှင်အမျိုးသားတစ်ဦးဟာ ဘယ်လောက်ထိ စိတ်ကြီးသလဲဆိုရင် မိန်းမဖြစ်သူက သူမကြိုက်တာ တစ်ခုခုလုပ်ခဲ့မိတဲ့အတွက် တစ်အိမ်ထဲမှာပဲ အတူတူနေပြီး လုံးဝစကားပြန်မပြောတော့တာ အနှစ် ၂၀ တိုင်တိုင်ကြာခဲ့ပါတယ်။ 
 
ဇနီးဖြစ်သူ ယုမီက ခင်ပွန်းသည်သူမကို စကားပြန်ပြောလာအောင် အမျိုးမျိုးကြိုးစားခဲ့ပေမယ့်၊ ခေါင်းညိတ် ခေါင်းခါ၊ အင်းအဲ လုပ်တာကလွဲရင် အိုတိုကာတာရာမာက လုံးဝ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူတို့နှစ်ဦးရဲ့ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် ယိုရှီကီ ဟာသူ့မိဘနှစ်ပါး စကားလက်ဆုံပြောနေတာကို သူ့တစ်သက်တာမှာ လုံးဝမမြင်ဖူးခဲ့သူပါ။ ဒါကြောင့် သူ့အဖေက သူ့အမေကို စကားပြောလာအောင် ဂျပန်ရုပ်သံအစီစဉ်တစ်ခုကို အကူအညီတောင်းခဲ့ပါတယ်။
 
 
နောက်ဆုံးမှာတော့ အိုတိုကာတာရာမာက သူ့ရဲ့ဇနီးသည် ယုမိကို ပထမဦးဆုံး စကားပြန်ပြောခဲ့ပါတော့တယ်။ သူပထမဆုံး ပြန်ပြောခဲ့တဲ့စကားကတော့ “ငါတို့စကားပြောဖြစ်ခဲ့တဲ့ အချိန်တွေကစပြီး ခုချိန်ထိ ကလေးတွေအပေါ် မင်းအရမ်းဂရုစိုက်ခဲ့တယ်နော်..၊ ဒုက္ခဆင်းရဲတွေအပေါ်လဲ ကြံ့ကြံ့ခံခဲ့တယ်နော်။ အရာအားလုံးအတွက် မင်းကိုအရမ်းကျေးဇူးတင်ပါတယ်ကွယ်။ ဒို့အတူ လမ်းလျှေက်ပြီး စကားပြောကြရအောင်နော်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ လုံးလုံး ခင်ပွန်းသည်ဆီက ပြန်ပြောလာဖို့ မျှော်လင့်ခဲ့ရတဲ့ စကားသံဖြစ်ပါတယ်။ ဒီအစီစဉ်ကို ကြည့်ရှုသူတွေက အံ့သြဝမ်းသာပြီး မျက်ရည်ဝဲခဲ့ကြရပါတယ်။ 
 


Follow us on