1. Home
  2. Movie Stars - Celebrity

New Year’s Eve ဖျော်ဖြေပွဲမှာ မာရိုင်ယာကာရေး ဘာကြောင့် သီချင်းမဆိုခဲ့တာလဲ..?

Movie Stars - Celebrity ม.ค. 02, 2560 view 1,524
၂၀၁၇ ကိုကြိုဆိုတဲ့ နှစ်သစ်အကြိုဖျော်ဖြေပွဲကို နယူးယောက်မြို့ တိုင်းမ်းစကွဲမှာ ခမ်းနားစွာ ကျင်းပခဲ့ပြီး တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ပါဝင်တဲ့ အမေရိကန် ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မာရိုင်ယာ ကာရေးဟာ သူမရဲ့ အောင်မြင်သောသီချင်းဖြစ်တဲ့ “Emotions” ကို မသီဆိုနိုင်ခဲ့ပါဘူး။ တစ်ကယ်တော့ ဒီသီချင်းဟာ သူမရဲ့ အပိုင်နိုင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်ထဲမှာ အကြိမ်ပေါင်း ၅၀ ကျော် သီဆိုခဲ့ပြီးပါပြီ။ 
 
ဒါဆို.. ဘာကြောင့် သူမ မဆိုပဲ စင်ပေါ်မှာ မတ်တပ်ရပ်နေခဲ့ရပါသလဲ…?
အကြောင်းရင်းကတော့ သီချင်းတီးလုံးသံကို ပြန်ကြားရဖို့၊ အသံထိန်းနိုင်ဖို့ အဆိုတော်တွေ တပ်ဆင်လေ့ရှိတဲ့ သူမရဲ့ နားကျပ်ပျောက်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖျော်ဖြေပွဲမှာ ကိုးလို့ကန့်လန့် အကျည်းတန်စွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ နားလည်ပေးကြပါတယ်။
 


Follow us on