1. Home
  2. Movie Stars - Celebrity

မြေအရှုပ်အရှင်းပြဿနာဖြစ်နေတဲ့ လွင်မိုး

Movie Stars - Celebrity ม.ค. 03, 2560 view 1,580
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်ချောင်းကျေးရွာအနီးရှိ မြေ နှစ်ဧကကို ရုပ်ရှင်မင်းသားဟောင်း လွင်မိုးနှင့် BGF တပ်ဖွဲ့မှ ဗိုလ်မှူးစောနေဗလုတို့ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများ ဖြစ်ပေါ်လျှက်ရှိပြီး ကျိုက်ထိုရဲစခန်း၌ အပြန်အလှန်အမှုဖွင့်ထားခဲ့ကြသည်။
 
အဆိုပါမြေနေရာကို သရုပ်ဆောင်လွင်မိုးက ငွေကျပ် သိန်း ၃၉၅၀ ဖြင့် ဦးကျော်သူရလှိုင်ထံမှ ဝယ်ယူထားခဲ့ပြီး ဗိုလ်မှူးစောနေဗလုက ထိုနေရာမှာ ၎င်းပိုင်ဆိုင်သော မြေဖြစ်သည်ဟုဆိုကာ အောက်တိုဘာလ ၂ ရက်နေ့က ခြံစည်းရိုးခတ်ခဲ့သောကြောင့် အမှုဖြစ်လျှက်ရှိပြီး ဗိုလ်မှူးစောနေဗလုက အဆိုပါကိစ္စကို ရှင်းလင်းရန် ဇန်နဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားသည့်အတွက် သရုပ်ဆောင်လွင်မိုးက စောလျင်စွာဖြင့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂ ရက်နေ့လည် ၃ နာရီက ရန်ကုန်မြို့ရှိ Orchid Hotel ၌ စီစဉ်ပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
"ကျွန်တော်ဒီကိစ္စက ပထမက မရှင်းဘူးလို့ နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုကျော်သူရလှိုင်ဆီက ဝယ်ထားလို့ ကိုကျော်သူရလှိုင်ပဲ ရှင်းပါစေဆိုပြီး ကျွန်တော်ဝင်မပါပါဘူး။ ဒီမြေကို ဝယ်ထားတဲ့ စာချုပ်စာတမ်းအပြည့်အစုံ ကျွန်တော့်မှာ ရှိပါတယ်။ အခု ကျွန်တော်ရှင်းလင်းရတာက ကျွန်တော်ငွေဆောင်မှာ မိသားစုနဲ့ New Year မှာ ရှိနေတဲ့အချိန်မှာ ကျွန်တော့်တပည့်တယောက်က ကျွန်တော့်ကို viber ကနေ လှမ်းပို့ပါတယ်။ စောနေဗလု ကနေပြီးတော့ ကိုလွင်မိုးဟာ BGF နဲ့ အမှုဆင်ပြီးတော့ သူ့ကို ဖမ်းတယ်။ အမှုမှန်ပေါ်ပေါက်အောင်လို့ တော်ဝင်နှင်းဆီမှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ပါလာတော့ ဒါက ကျွန်တော် တော်တော်လေးကို ဒေါသထွက်တယ်ဗျ။ ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီမှာ အသိုင်းအဝိုင်းနဲ့ ဂုဏ်နဲ့နေတာ။ ဒီလိုမျိုးလုပ်လို့တော့ မရဘူး"
 
ဟု လွင်မိုးက ပြောကြားခဲ့သည်။
 
Source:NewsWatch
 


Follow us on