1. Home
  2. Myanmar News

စာမေးပွဲကျ၍ မိခင်ဆူမှာကြောက်ပြီး ကြိုးဆွဲချသေတဲ့ (၆)တန်းကျောင်းသားလေး

Myanmar News ม.ค. 03, 2560 view 2,956
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊(၂)လမ်းတွင် ကလေးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းရ၍ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မောင်ခင်မောင်ထွန်း (၁၂ နှစ်) ဆိုသူဖြစ်ပြီး နေအိမ် ယက်မတန်း၌ အပြာရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေခဲ့ခြင်းဖြစ်သည်။
 
 
မောင်ခင်မောင်ထွန်းမှာ ကြံတော အ.မ.ကကျောင်း၊ ဆဋ္ဌမတန်း(A)တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ပြီး လပတ်စာမေးပွဲကျရှုံးသဖြင့် မိခင်ဆူပူမှာ ကြောက်ရွံ့နေခဲ့ပြီး ကျောင်းမှအိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်သည့်အခါ မိခင်ဖြစ်သူ အိပ်ပျော်နေတာကို တွေ့ရှိပြီး နှစ်ထပ်နေအိမ်၏ အောက်ထပ်အမြင့် ၁၀ ပေနေရာရှိ ယက်မတန်းတွင်  လက်သန်းလုံးခန့် အပြာရောင်နိုင်လွန်ကြိုးကိုချည်ကာ ကွပ်ပျစ်ပေါ်တွင် သစ်သားခွေးခြေခုံဆင့်ခံတက်၍ မိမိကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
 
 
သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန်အတွက် ရဲအုပ် ဝင်းမြင့်ထွန်းမှ ညနေ ၆ နာရီခွဲအချိန် တရားလိုပြုလုပ်တိုင်တန်းထားပြီး မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့်ဖွင်လှစ်ကာ အမှုအား ရဲအုပ် အောင်ဝင်းလှိုင်မှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
Source:မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
 


Follow us on