1. Home
  2. Special or Others

ဆရာဝန်၏ ပေါ့ဆမှုကြောင့် ဝမ်းဗိုက်ထဲမှာ ကတ်ကြေးတစ်လက်ရှိနေကြောင်း ၁၈ နှစ်ကြာမှ သိခဲ့ရသူ

Special or Others ม.ค. 03, 2560 view 1,599
ထိုင်းနိုင်ငံမြောက်ပိုင်း ငုယန်းဒေသရှိ ဆေးရုံတစ်ရုံတွင် မတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရသော အသက် ၅၄ နှစ်အရွယ် လူနာတစ်ဦးအား အာထရာဆောင်းရိုက်ရာ ၎င်း၏ ဝမ်းဗိုက်ထဲတွင် ချွန်ထက်သော အရာတစ်ခုတွေ့ရှိရသဖြင့် ခွဲစိတ်ကုသရန် ပြင်ဆင်ခဲ့ရသည်။
 
အဆိုပါခွဲစိတ်မှုကို ဗီယမ်နန်နိုင်ငံ ဟနွိုင်းမြို့မှ ခွဲစိတ်အထူးကုပါရဂူ၏ အကူအညီကို ရယူခဲ့ရသည်။ လူနာ၏ ဝမ်းဗိုက် ဘယ်ဘက်အခြမ်းထဲတွင် ၆ လက္မအရှည်ရှိသော ခွဲစိတ်ခန်းသုံး ကတ်ကြေးတစ်ခုကို သံချေးတက်လျှက် တွေ့ရှိခဲ့ရသည်။ အဆိုပါ ကတ်ကြေးကို ဆွဲထုတ်စဉ် အစာအိမ်အနီး အတွင်းကလီစာများနှင့် ရောထွေးနေသည့်အတွက် သုံးနာရီကြာမျှ ခွဲစိတ်ထုတ်ယူခဲ့ကြရသည်။
 
လူနာက မတော်တဆမှုတစ်ခုကြောင့် ဘက်ကမ်အထွေထွေဆေးရုံကြီးတွင် ၁၉၉၈ ခုနှစ်က ခွဲစိတ်ကုသမှုခံယူခဲ့ဖူးသူဖြစ်ပြီး အဆိုပါခွဲစိတ်မှုအပြီးတွင် ဝမ်းဗိုက်ထဲ၌ ကတ်ကြေးမေ့ကျန်ခဲ့ခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်ကြောင့် ကျန်းမာရေးဝန်ကြီးဌါနမှ ကတ်ကြေးမေ့ကျန်ခဲ့သော ဆရာဝန်အားဖော်ထုတ်ရန် ဘက်ကမ်ဆေးရုံးကြီးသို့ ညွှန်ကြားထားခဲ့သည်။ သို့သော် လူနာ၏ မှတ်တမ်းများကို ၁၅ နှစ်ကျော်လွန်ပါက  သိမ်းဆည်းထားလေ့မရှိသည့်အတွက်  မှတ်တမ်းပြန်ရှာတွေ့ရန် ခက်ခဲကြောင်း ဆေးရုံမှဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
 


Follow us on