1. Home
  2. Movie Stars - Celebrity

အင်တာဗျူးအကုန်လုံးကို ငြင်းလိုက်တဲ့ Adele

Movie Stars - Celebrity ม.ค. 03, 2560 view 1,637

ကမ္ဘာကျော်အဆိုတော် Adele တစ်ယောက် သြစတေးလျမှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲတွေအတွက် အင်တာဗျူးအကုန်လုံးကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီလို ငြင်းပယ်မှုကို ဝါရင့်သတင်းတင်ဆက်သူကြီး Richard Wilkins ကတော့ ဒေါသထွက်နေပါတယ်။

ဝါရင့် ဆရာကြီး Richard စိတ်ဆိုးမယ်ဆိုလည်း ဆိုးလောက်ပါတယ်။ "Adele ကို ချဉ်းကပ်ဖို့ Richard ကတော့ နည်းမျိုးစုံ ကြိုးပမ်းနေပါတယ်.. Adele နဲ့ရင်းနှီးသူ မှန်သမျှကို ပြောပေးဖို့ စည်းရုံးနေပေမဲ့ မအောင်မြင်သေးပါဘူး"လို့ News Corp က ပြောထားပါ တယ်။

Adele ရဲ့ သြစတေးလျဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာလည်း ဖျော်ဖြေပွဲတွေ ကျင်းပသွားဖို့ ရှိပါသေးတယ်လို့ သိရပါတယ်။

Credit:moda magazine



Follow us on