1. Home
  2. Myanmar News

မ.ထ.သ လိုင်းကားသမားများ၏ လောဘစိတ်ကြောင့် အဖွားအိုတစ်ဦး မရှုမလှသေဆုံး

Myanmar News ม.ค. 03, 2560 view 1,504
ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် မ.ထ.သ ယာဉ်လိုင်းဖြစ်သည့် မေတ္တာလှိုင်း-၃ ဘတ်စကားပေါ်တွင် စီးနင်းလိုက်ပါလာသော အဖွားအိုတစ်ဦးသည် အင်းစိန်မီးသတ်ရှေ့ရှိ မှတ်တိုင်တွင် ကားပေါ်မှ ဆင်းနေစဉ် ယာဉ်မောင်းနှင့် စပါယ်ယာမှာ စိတ်မရှည်စွာဖြင့် ကျကျနန မဆင်းမိသေးမီ ရုတ်တရက်ကားကို မောင်းထွက်ခဲ့သည့်အတွက် အဘွားအိုအား အဆိုပါ မေတ္တာယာဉ်လှိုင်းကား၏ နောက်ဘီးဖြင့် တက်ကျိတ်မိကာ နေရာတွင် ပွဲချင်းပြီး မရှုမလှ သေဆုံးခဲ့ရကြောင်း ကနဦးသတင်း ရရှိသည်။
 
 
အဖွားအိုမှာ တောင်းရမ်းစားသောက်သူဖြစ်ပြီး သူ၏ဆွဲခြင်းတောင်းထဲတွင် တွေ့ရသော ဖုန်းဖြင့် မိသားစုထံ အဆက်အသွယ်ရရှိကြောင်း လူမှုကွန်ယက်စာမျက်နှာ Wai Phyo အကောင့်မှ ဓါတ်ပုံနှင့်တစ်ကွ ဖော်ပြထားခဲ့သည်။
 


Follow us on