
တခါတလေမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေရဲ့ ကြက်သွန်နီအခွံ၊ ဖရုံသီးခွံနဲ့ လိမ္မော်ခွံတို့လို တကယ့်အာနိသင်ရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရာတွေကိုမှ လွင့်ပစ်မိကြပါတယ်။ ကြက်သွန်နီရဲ့ အာနိသင်ကိုတော့ လူတိုင်းသတိထားမိပြီး ကြက်သွန်နီကို စားသုံးကြပေမဲ့ ကြက်သွန်နီအခွံရဲ့ အာနိသင်ကိုတော့ သတိမထားမိကြပါဘူး။နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ ကြက်သွန်နီအခွံမှာ ဓါတ်တိုးဆန့်ကျင်တဲ့ဓါတ် Antioxidant နဲ့ ရောင်ရမ်းမှုကို ပျောက်ကင်းစေတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်တဲ့။ ဒီတော့ ကြက်သွန်နီကိုစားပြီးရင် အမှိုက်ရှုပ်ခံပြီး ဘာလို့ လွင့်ပစ်နေမှာလဲ။
comment