1. Home
  2. Myanmar News

ဗိုလ်တစ်ထောင်မြို့နယ် နေအိမ်တိုက်ခန်းတစ်ခု၏ မီးဖိုခန်းပြိုကျ

Myanmar News ม.ค. 04, 2560 view 1,605
ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၁)လမ်းရှိ မိသားစု ခြောက်ဦး နေထိုင်ကြသော နေအိမ်တိုက်ခန်း၏ မီးဖိုဆောင်အခန်း ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။
 
 
 
ပြိုကျခဲ့ရာတိုက်ခန်းသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်းမှာ ၁၉၀၅ ခုနှစ်က ဆောက်လုပ်ထားခဲ့သော အခန်းပေါင်း (၄၀)ပါရှိသော နှစ်ထပ်တိုက်ဖြစ်ပြီး သက်တမ်းလွန်အဆောက်အဦအဖြစ် လူနေထိုင်ရန် မသင့်ကြောင်း စည်ပင်သာယာမှ သတ်မှတ်ထားသော ဟောင်းနွမ်းအဆောက်အဦတစ်ခုဖြစ်သည်။
တိုက်ခန်း၏ မီးဖိုခန်းပြိုကျခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
 


Follow us on