1. Home
  2. Myanmar News

လုံခြုံရေးဝန်ထမ်းအချင်းချင်း ရိုက်သတ်ကာ ကျပ်သိန်း ၂၅၀ နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ဖောက်ထွင်းခိုးယူ

Myanmar News ม.ค. 04, 2560 view 1,495
ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် အမှတ်(၅) ရပ်ကွက်၊ သုဓ္ဓမာလမ်းရှိ ကာတ ယန္တရားပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီတွင် လုံခြုံရေးဝန်ထမ်းတစ်ဦးမှ အခြားလုံခြုံရေးဝန်ထမ်းကို သံတုတ်ဖြင့်ရိုက်သတ်ကာ ကုမ္ပဏီ၏ မီးခံသေတ္တာကို ဖျက်ဆီးပြီး မြန်မာငွေကျပ် သိန်း ၂၅၀ နှင့် အမေရိကန်ဒေါ်လာ ၁ သိန်း ၈ သောင်းတို့ကို ခိုးယူထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
 
ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီ၌ ကျော်ကျော်ဦး(၂၁ နှစ်)၊ ဦးထွန်းအောင်ကျော် (၄၁ နှစ်)၊ ဖြိုးဝေယံဝင်း (၃၃ နှစ်)တို့သုံးဦး လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေကြစဉ် အခင်းဖြစ်မည့် အချိန်တွင် ကျော်ကျော်ဦးက ကုမ္ပဏီလုံခြုံရေးကို လှည့်လည်ကြည့်ရှုစစ်ဆေးရာမှ အချိန်ကြာမြင့်သည်အထိ ပြန်မရောက်လာသဖြင့် ဦးထွန်းအောင်ကျော်က နောက်မှထပ်မံ၍ လိုက်သွားခဲ့သည်။ သို့သော် အတော်အတန်ကြာသည်အထိ ၎င်းငိးတို့နှစ်ဦးစလုံး ပြန်ရောက်မလာသဖြင့် ဖြိုးဝေယံဝင်းက လိုက်သွားကြည့်ခဲ့ရာ ဦးထွန်းအောင်ကျော် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
 
ထိုအချိန်တွင် ကျော်ကျော်ဦးမှ ဖြိုးဝေယံဝင်းကို တွေ့ရှိသွားပြီး ကုမ္ပဏီရုံးခန်းတွင်းမှ ထွက်ပြေးသွားခဲ့သည်။ ရုံးခန်းအတွင်းမှ မီးခံသေတ္တာမှာ ပွင့်လျက်အနေအထားနှင့် ပျက်စီးနေကြောင်းတွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာ ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားခဲ့သည်။
 
ရဲမှတ်တမ်းများအရ ဦးထွန်းအောင်ကျော်သည် သံတုတ်ဖြင့်ရိုက်နှက်ခံရမှုကြောင့် လက်ဝဲဘက်နားထင် ပေါက်ပြဲဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခြင်းဖြစ်ပြီး မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း ၂၅၀ နှင့် အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။
 
သေဆုံးသူ ဦးထွန်းအောင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်မိုးမိုးက တရားလိုပြုကာ ရာဇသတ်ကြီးပုဒ်မ ၃၁၂ နှင့် အမှုဖွင့်ထားပြီး တရားခံကို ဖမးဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။ သို့သော် မီးခံသေတ္တာထဲမှ ငွေများပျောက်ဆုံးမှုအတွက် လာရောက်တိုင်းကြား အမှုဖွင့်သူ မရှိသေးကြောင်းလည်း လှိုင်သာယာမြို့မရဲစခန်းမှ သတင်းရရှိသည်။
 
Source:ပြည်မြန်မာ
 


Follow us on