1. Home
  2. Myanmar News

ငယ်ပါအရင်းမှ ဖြတ်ခံထားရပြီး ဒဏ်ရာများစွာနှင့် သေဆုံးနေသူအား ရေမြောင်းထဲစွန့်ပစ်

Myanmar News ม.ค. 05, 2560 view 1,622
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၅)ရှိ ရေမြောင်းတစ်ခုတွင် ဇန်နဝါရီ (၄ ရက်)နေ့ နံနက် ၈နာရီအချိန်ခန့်က ယောက်ျားအင်္ဂါအား အရင်းမှဖြတ်ထားသည့် ဒဏ်ရာအပါအဝင် ဒဏ်ရာများစွာဖြင့် အမျိုးသားအလောင်း တစ်လောင်းအား တွေ့ရှိခဲ့သည်ဟု ကလေးမြို့မရဲစခန်းမှ သိရှိရသည်။
 
သေဆုံးသူမှာတောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၉)နေ ဦးတဲလ်ခွ (၅၈ နှစ်) ဖြစ်ပြီး မိသားစုနှင့်အတူ ဇန်နဝါရီ ၃ ရက်နေ့က မနက်စာစားပြီးနောက် ဆွေမျိုးတော်စပ်သည့် တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၆)ရှိနေအိမ်တွင် ပြုလုပ်သည့် ဆုတောင်းပွဲအား ကူညီရန်သွားမည်ပြောပြီး နေအိမ်မှ ထွက်သွားခဲ့သည်။
 
ထို့နောက် ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီတွင် အိမ်နီးချင်းတစ်ဦးက သေဆုံးသူ၏ဇနီးအား တောင်ဇလပ်ရပ်ကွက်ရှိ ရေမြောင်းအတွင်း ဦးတဲလ်ခွသေဆုံးနေကြောင်း ပြောပြသဖြင့် သေဆုံးနေသည့်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ရာ ရေမြောင်းအတွင်း၌ ခင်ပွန်းဖြစ်သူအား တစောင်းအနေအထား၊ အောက်ပိုင်းတွင် အဝတ်များမရှိဘဲ သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
သို့ဖြစ်ပါ၍ ခင်ပွန်းဖြစ်သူ ဦးတဲလ်ခွအား သတ်သွားသူတရားခံကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဇနီးဖြစ်သူက ရဲစခန်းသို့ လာရောက်တိုင်တန်းထားခဲ့သည်ဟု ကလေးမြို့မရဲစခန်း မှတ်တမ်းများအရ သိရသည်။
 
သေဆုံးသူမှာ လည်ပင်းထက်ဝက်ခန့် ပြတ်လှီးဒဏ်ရာ(၁)ချက်၊ ညာနားရွက်မေးရိုးအောက် သုံးမြှောက်သဏ္ဍာန် ထိုးဖောက်ဒဏ်ရာ(၁)ချက်၊ ညာနားထင်မှပါးပြင်ပေါ်ထိ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဘယ်ရင်အုံအထက် ညှပ်ရိုးအနီးတွင် ထိုးဖောက်ဒဏ်ရာ(၁)ချက်၊ ကျားအင်္ဂါအား အရင်းမှဖြတ်ထားသည့် ဒဏ်ရာ(၁)ချက် စသောဒဏ်ရာများဖဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
 
Source:သတင်းစုံ
 


Follow us on