1. Home
  2. Special or Others

ISIS ကိုရန်စသလို ဖြစ်စေမည့် BBC ၏ ISIS ရဲ့အိမ်ရှင်မ စစ်စစ်များ ဟာသဇာတ်လမ်း

Special or Others ม.ค. 05, 2560 view 1,544
အင်္ဂါနေ့ည ၁၀ နာရီက BBC 2 တွင်ထုတ်လွင့်ပြသခဲ့သည့် “Real Housewives of Isis” ဟာသဇာတ်လမ်းနမူနာကို ဝေဖန်သူတွေများပြားခဲ့သည်။ အဆိုပါ ဇာတ်လမ်းတွင် အနောက်နိုင်ငံသူ အမျိုးသမီး ၄ ဦးက ဆီးရီးယားသို့ သွားရောက်ကာ IS အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ဂျီဟတ်သတို့သမီးများ ဖြစ်လာခဲ့ကြသည်။
 
သူတို့ရဲ့ ဘဝအကြောင်း သူတို့ရဲ့ ခင်ပွန်းသည်တွေ အကြောင်းကို ပြောသည့်ပုံစံ သရော်ရိုက်ကူးထားခဲ့ပြီး ဇာတ်ဝင်ခန်းတစ်ခုတွင် အသေခံဗုံးခွဲဝတ်စုံကို ဝတ်ဆင်လျှက် ဓါတ်ပုံရိုက်ကာ အင်စတာဂရမ်ပေါ် တင်နေသည်ကို မြင်တွေ့ရပါမယ်။ အဆိုပါ ဟာသဇာတ်လမ်းနဲ့ ပက်သက်ပြီး ဝေဖန်မှုများ၊ စကားနိုင်လုမှုများ များပြားခဲ့သည်။
 
 
ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဆန်နီဟန်ဒဲလ်က ကျွန်တော့် အွန်လိုင်းမိတ်ဆွေတွေ သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတာ ကျွန်တော်ကြည့်ပြီးပါပြီ။ အဲဒီအပေါ်မှာ ပြောစရာအချက် ၃ ချက်ရှိပါတယ်။
နံပါတ်တစ်ကတော့ အရမ်းရီရပါတယ်။
 
နံပါတ်နှစ်က ISIS အဖွဲ့နဲ့ သူတို့ကို ထောက်ခံသူတွေကို ဟာသလုပ်ဖို့ BBC က ဘာကြောင့် ခွင့်ပြုရတာလဲ? ဒါဟာစော်ကားရာမကျဘူးလား? တစ်ခါတစ်ရံမှာ ရီရပေမယ့် BBC က မူဆလင်၊ ဆစ်ခ် နဲ့ ဟိန္ဒူလူ့အဖွဲ့အစည်းတွေကို လက်တို့ပြီး ပျက်ရယ်ပြုသလိုလုပ်ခဲ့တာတွေရှိပါတယ်၊ ကျွန်တော်တို့ အားလုံးဟာ ဒီလိုဟာသမျိုးတွေအပေါ် မရီနိုင်ခဲ့ပါဘူး။
 
တတိယအချက်က အချို့သော  ISIS ရဲ့ ဇနီးမယားတွေဟာ ဓါးစားခံတွေပါ သူတို့ကို လှောင်ပြောင်သရော်သင့်ရဲလား? ဆိုတာပါပဲ ဟု ဝေဖန်ခဲ့သည်။
 
 
“Real Housewives of Isis” နမူနာလေးကို ကြည့်ပြီး ထင်မြင်ချက်လေးတွေ ရေးခဲ့ပါဦးနော်..။
 


Follow us on