ဘာကင်ဟမ်နန်းတော်၏ အစောင့်ဟောင်း တစ်ဦးဖြစ်သူက အဲလိဇဘတ်ဘုရင်မကြီးအား သေနတ်ဖြင့် ပစ်လု ပစ်ခင်နီးပါး ဖြစ်ခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ဘာကင်ဟမ်နန်းတော်ကို စောင့်ရှောက်နေစဉ် တစ်နေ့၌ နံနက်စောစော ၃ နာရီအချိန်ခန့်တွင် ဘုရင်မကြီးက အခန်းအနီး၌ လူရိပ်တွေ့သဖြင့် ကျူးကျော်ဝင်ရောက်လာသူဟု ထင်မှတ်ကာ သေနတ်ဖြင့် လှမ်းပစ်မည်ပြု၍ တစ်ချိန်ထဲမှာပင် ဘယ်သူလဲဟု လှမ်းမေးမိလိုက်သဖြင့် ဘုရင်မကြီး၏ ပြန်ဖြေသံကြောင့် ပစ်လုနီးပါးဖြစ်ခဲ့ရသည်။
ဖြစ်စဉ်မှာ ဘုရင်မကြီးမှာ ညဘက်အိမ်မပျော်သဖြင့် အေးအေးလူလူလမ်းထွက်လျှောက်စဉ် နန်းတော်အစောင့်မှ လူစိမ်းဟု ထင်မှတ်ကာ သေနတ်ဖြင့် ပစ်ရန်ချိန်ရွယ်ခဲ့ခြင်းဖြစ်သည်။
"ကံကောင်းလို့ပေါ့ ဘုရင်းမကြီးရယ် ကျွန်တော် ပစ်မိတော့မလို့" ဟု အစောင့်က ပြောလိုက်စဉ် ဘုရင်မကြီးက "ကိစ္စမရှိပါဘူးကွယ် နောက်တစ်ခါကျရင် ကြိုပြီး ခေါင်းလောင်းသံလေး ပေးလိုက်မယ် ဒါဆိုမင်း ငါ့ကိုမပစ်မိတော့ဘူးပေါ့" ဟု ပြန်လည်ပြောကြားခဲ့သည်။