1. Home
  2. Special or Others

မိဘတွေရဲ့ အကျယ်ချုပ်ချခြင်း ခံထားသူ လူသားဘာဘီရုပ်မလေး

Special or Others ม.ค. 05, 2560 view 1,834
အိန်ဂျလီနာ ကီနိုဗာဟာ အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရုရှားမော်ဒယ်မလေးတစ်ဦးပါ။ အလွန်တရာ ချောမောလှပတဲ့ သူမကို မိဘတွေက မျက်စိအောက်က တစ်ချက်မှ အပျောက်မခံပဲ ဘာဘီအရုပ်လေး တစ်ရုပ်လို သဘောထားပြီး ကြပ်မတ်ချုပ်ချယ်ခြင်း ခံနေရသူဖြစ်ပါတယ်။
 
 
သူမဟာ ယောက်ျားလေးတွေနဲ့ ချိန်းဆိုထားတာကို တွေ့ဖို့ သွားတဲ့အခါတိုင်း မိခင်ဖြစ်သူက အဖော်အဖြစ်လိုက်လာတတ်တဲ့အတွက် အခုထိ ချစ်သူရည်းစားမရှိသေးသူပါ။
 
 
သူမရဲ့ နေ့စဉ်ဘဝကို သူမရဲ့မိဘတွေကပဲ စိုးမိုးချယ်လှယ်ကာ အဝတ်အစား ဝတ်တာကအစ စီစဉ်ပေးတဲ့အတိုင်း နေထိုင်ရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား မပျက်သွားအောင် လေ့ကျင့်ခန်းတွေ လုပ်ရတာနဲ့ပဲ သူ့မှာ အချိန်ပိုမရှိသလောက် ရှားတယ်လို့ ဆိုပါတယ်။
 
 
သူမ အသက် ၆ နှစ်လောက်အရွယ်ထဲက ဘာဘီရုပ်လေးလို အရမ်းဖြစ်ချင်ခဲ့ပြီး ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ပဲ အခုလို ဘာဘီနဲ့တူအောင် ကြိုးစားခဲ့ပါတယ်။ အလှပြင်ပစ္စည်းတွေနဲ့ အလှပြင်တာကိုတော့ လိုအပ်မှ လုပ်တယ်လို့ ဆိုပါတယ်။ 
 
 
သူမအရမ်းဖြစ်ချင်ခဲ့တဲ့ ဘာဘီရုပ်နဲ့တူတဲ့ ဘဝကို ရနေပေမယ့် ကိုယ့်ဘဝကို လွပ်လွပ်လပ်လပ်နဲ့ နေရဖို့ အခွင့်အရေးကတော့ ဝေးနေပါသေးတယ်။ သူမရဲ့ဘဝကို မိဘတွေက ဖန်ပေါင်းချောင်ထဲမှာ ပိတ်လှောင်ထားသလိုပါပဲ၊ ဒါပေမယ့် တစ်နေ့မှာတော့ အဲဒါတွေကို ရိုက်ချိုးပြီး လွပ်လွပ်လပ်နေနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောဆိုခဲ့ပါတယ်။
 


Follow us on