1. Home
  2. Special or Others

ဂိုဒေါင်ထဲကားသွင်းနေစဉ်အရှိန်လွန်ပြီးအိမ်ပျက်စီးစေခဲ့လို့ကားကုမ္ပဏီ ကိုတရားစွဲ

Special or Others ม.ค. 05, 2560 view 1,537

Tesla Model X ကားပိုင်ရှင်တစ်ယောက်က သူပိုင်ဆိုင်တဲ့ကားမှာ အရှိန်စနစ် ချို့ယွင်းမှုဖြစ်ပွားခဲ့တဲ့အတွက် Tesla ကားကုမ္ပဏီကို တရားစွဲသွားမယ်လို့ဆိုလိုက်ပါတယ်။ ကိုရီးယားနိုင်ငံသား ဖြစ်တဲ့Ji Chang Son မှာ ပြီးခဲ့တဲ့စက်တင်ဘာတွင် သူ့ရဲ့ကားကို ဂိုဒေါင်ထဲထိုးစဉ် အရှိန်လွန်ပြီး သူရဲ့အိမ်ကို ပျက်စီးစေမှုဖြစ်ပွှားခဲ့တဲ့အတွက် ကားကုမ္ပဏီ တရားစွဲဖို့လုပ်ဆောင်လျက်ရှိနေတာပါ။

Model X မှာ လျှပ်စစ်သီးသန့်ကားဖြစ်ပြီး ကမ္ဘာ့နည်းပညာအမြင့်မားဆုံး ကားအဖြစ် ကျော်ကြားနေတဲ့ အဆင့်မြင့်တန်ဖိုးကြီး ကားလည်းဖြစ်ပါတယ်။ ကားပိုင်ရှင်က ကားကိုဂိုဒေါင်ထဲထိုးစဉ် လီဗာကို မနင်းဘဲ ကားမှာကောက်ကာငင်ကာ စွမ်းအားပြည့် အရှိန်မြင့်ပြီး ဂိုဒေါင်နံရံကို ဝင်တိုက်ကာ ဧည့်ခန်းထဲထိအောင် တိုးဝင်သွားခဲ့လို့ သူ့ရဲ့အိမ်ကို များစွာပျက်စီးမှု ဖြစ်ပေါ်စေခဲ့သလို ကားရဲ့ရှေ့ပိုင်းတစ်ခုလုံးမှာလည်း ကြေမွသွားခဲ့ရတာပါ။

တရားစွဲခြင်းကို အမေရိကန် ကယ်လီဖိုးနီးယား ဗဟိုတရားရုံးတွင် လျှောက်တင်သွားမှာဖြစ်ပြီး ကားလုံခြုံရေးအဖွဲ့အစည်း NHTSA ရဲ့ရုတ်တရက်အရှိန်နှုန်းမြင့်မှုဆိုင်ရာစည်းမျဉ်းနှင့် စွဲချက်တင်သွားမှာ ဖြစ်တယ်လို့ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

 



Follow us on