1. Home
  2. Special or Others

ကစားလွန်ပြီး ဆီးသွားဖို့မေ့တတ်တဲ့ကလေးတွေမှာ နောက်ဆက်တွဲပြဿနာ

Special or Others ม.ค. 05, 2560 view 1,684

ကလေးငယ်တွေ ဆော့ကစားလွန်ပြီး  ဆီးသွားရမှာကို မေ့နေတတ်ကြတာမျိုးက ရေရှည်မှာ နောက်ဆက်တွဲ အနေနဲ့ အသက်ရှူကျပ်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ မိုးကျော်သူက ‘ကလေးတွေ ကစား ဘက်ကိုများသွားရင်  ဆီးကို အောင့်ထား တက်ကြတယ်၊ အဲဒီလိုလှုပ်ရှားတာများရာကနေ ဆီးကိုအောင့်ထား၊ ပြီးတော့ ဆီးတကယ်လဲ သွားမယ်လဲဆိုရော ဆီးအနည် ထိုင်ပြီး ဂျိုးကပ်ရာကနေ ဆီးမသွားနိုင်တော့တာတွေ ဖြစ်တယ်”လို့ ပြောပါတယ်။ ကျောက်ကပ်က ပိတ်ဆို့မှုတွေ ဖြစ်တာကြောင့် ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့ဘဲ အနည်တွေနဲ့ ပိတ်လာတာဖြစ်တယ်။ အဲသည်နောက်ပိုင်းမှာတော့ မျက်နှာ ဖောရောင်လာတာ။ အသားတွေ ဖောရောင်လာတာ။ ခြေလက်တွေတင်းတာ တွေ ဖြစ်လာတယ်လို့ သိရပါတယ်။

ကျောက်ကပ်ကနေ ဆီးစွန့်ထုတ်မှုမှာ အညစ်အကြေးတွေကို သွေးထဲကိုလည်းပို့တယ်။ အဲသည်ကနေ ဆီးအဖြစ် စွန့်ထုတ်တာဖြစ်တယ်လို့ သိရပါတယ်။ ဆီးသွားရခက်တဲ့ ကလေးဆိုရင် မလှုပ်ရှားတော့ဘဲ ရေလျှော့တိုက်ရပါမယ်။ ရေကို လျှော့တိုက်ပြီးအငန်ကို လုံးဝလျှော့ပြီး ကျွေးရပါမယ်။ အချို့ကိုပဲ ရွေးချယ်ပြီး ကျွေးသင့်ပါတယ်။ ဆန်ပြုတ်ကျွေးရင်တောင် ရေများများနဲ့ မကျိုဘဲ ပျစ် ပျစ်လေးကျွေးရပါမယ်။ ငါးခြောက်ကျွေး တာမျိုး မပြုလုပ်ရပါဘူး။ ဆီလည်းမထည့် ရပါဘူး။ အဖတ်မကျွေးဘဲ ရေကိုလုံးဝ မသောက်ခိုင်းရပါဘူး။ ကလေးကအရမ်း ရေဆာတယ်ဆိုရင် အာဆွတ်ရုံလေးပဲ တိုက်ရမှာဖြစ်တယ်။ အဲသည်လိုမှ ဂရုမစိုက်ဘဲနေရင် နောက်ဆက်တွဲအနေနဲ့ ကလေးက ဖောင်းကားပြီး အသက်ရှူကျပ်ကာ အသက်သေဆုံး တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

Credit : kumudranews



Follow us on