1. Home
  2. Myanmar News

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ပုံကို စီးပွားရေးလုပ်ငန်တွင် အသုံးပြုပါက အရေးယူခြင်းခံရမည်

Myanmar News ม.ค. 06, 2560 view 1,831
ရွှေတိဂုံစေတီတော်ပုံကို စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုပါက တည်ဆဲဥပဒေများနှင့် ထိရောက်စွာ အရေးယူသွားမည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ ဇန်နဝါရီ ၅ ရက်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
 
 
ရွှေတိဂုံစေတီတော်၏ ဓါတ်ပုံကို လက်ဖက်ခြောက်ထုတ်အတွင်း လက်ဆောင်အဖြစ် ထည့်သွင်းပေးနေကြောင်း တိုင်ကြားချက်အရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ၊ ကမ္ဘာကလေးစားအသိအမှတ်ပြုထားသည့် ရွှေတိဂုံစေတီတော်၏ ဓါတ်ပုံ (သို့မဟုတ်) ပုံစံတူ၊ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော အရာမှန်သမျှကို စီးပွားရေးလုပ်ငန်းများ၌ အသုံးမချရန် တားမြစ်လိုက်ခြင်းဖြစ်သည်။ 
ယခင်ကလည်း တာမြစ်ခြင်းများရှိခဲ့သော်လည်း ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့သဖြင့် လိုက်နာမှုများ အားနည်းခဲ့ကြသည်။ သို့သော် ယခုမှစတင်ကာ လိုက်နာခြင်းမရှိသော စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ရှိပါက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ခေါ်ယူသတိပေး ဆွေးနွေးမည်ဖြစ်ပြီး လိုအပ်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရွှေတိဂုံစေတီတော်ပုံကို အသုံးအဆောင်များ၊ အင်္ကျီများနှင့် အစားအသောက်များတွင် လုံးဝအသုံးပြုခွင့် မပြုတော့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
 
Ref:7Day
 


Follow us on