1. Home
  2. Myanmar News

ရန်ကုန် အပါအဝင် မြို့ကြီးများ၌ တန်ဖိုးကြီး အိမ်ခြံမြေများ အရောင်းအဝယ်ပြန်ဖြစ်

Myanmar News ม.ค. 06, 2560 view 1,560

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ကျပ်သိန်း ထောင်ကျော်တန်ဖိုးရှိ အိမ်ခြံမြေ အများစု နှစ်သစ်တွင် ပြန်လည်အ ရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။ အထူးသဖြင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများက စီးပွားရေးလုပ် ငန်းများအတွက် ရုံးခန်းများဖွင့် လှစ်ရန် အဓိကအရောင်းအဝယ် ဖြစ်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။ ၂၀၁၆ တွင် ကာလကြာရှည် အရောင်းအဝယ် အေးနေသော အိမ်ခြံမြေဈေးကွက်မှာ နှစ်သစ်၌ စီးပွားရေး လုပ်ငန်းများအတွက် ကုမ္ပဏီများ ဖွင့်လှစ်ရန်၊ ရုံးခန်းများဖွင့်လှစ်ရန် လိုက်လံငှားရမ်းခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်နေကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ဆိုသည်။

‘‘အခြေအနေက ရွှေဈေး တက်၊ ဒေါ်လာဈေးတက်၊ ကားဈေးတွေပါ တက်တဲ့အတွက် အိမ်ခြံမြေဘက်ကို ပိုစိတ်ဝင်စားလာကြပါတယ်။ အရောင်းအဝယ်အ ဖြစ်များတဲ့ ဈေးနှုန်းတွေကတော့ ကျပ်သိန်းတစ်သောင်းအောက် ပေါ့။ သိန်းသုံးထောင်ကနေပြီး သိန်းခြောက်ထောင်နဲ့ ရှစ်ထောင် ကြားတန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေ အဝယ် လိုက်နေပါတယ်။ အ ရောင်းအဝယ်အဖြစ်များတဲ့နေရာ တွေကတော့ မြို့အနောက်ပိုင်းက လွဲပြီး ၇၈ လမ်းနဲ့ ၆၂ လမ်းကြား၊ ၁၉ လမ်းနဲ့ မနော်ဟရီလမ်းဘက် တွေမှာ အရောင်းအဝယ်အဖြစ် များနေပါတယ်’’ဟု မန္တလေးမြို့ အခြေစိုက်ဟိန်းထက်စိုး အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင်က ပြောသည်။

အထူးသဖြင့် ဆောက်လုပ် ဆဲ ကွန်ဒိုများ အရောင်းအဝယ် ကျဆင်းနေရာမှ လျှော့ဈေးအချို့ ဖြင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းတို့ကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေရသည်ဟု ဆို သည်။ ယခ ရက်ပိုင်းအတွင်း ထူး ခြားမှုအဖြစ် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ပိုမိုလှုပ်ရှားနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။ ‘‘နေပြည်တော်အနေနဲ့ ပုဗ္ဗ သီရိနဲ့ ဇမ္ဗူသီရိထဲက ရွှေကြာပင် ဘက်ကတော့ တခြားနေရာတွေ ထက် အရောင်းအဝယ်ပိုသွက်နေ ပါတယ်။ တခြားတန်ဖိုးကြီး အ ကွက်များ တည်ရှိတဲ့ ဥတ္တရသီရိနဲ့ ဒက္ခိဏ ဘက်တွေမှာတော့ အ ရောင်းအဝယ် ဆက်တိုက်လိုက် တယ်’’ ဟု Thitsar Oo Royal အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဦးသန်းထွန်းက ပြောကြား သည်။

အထူးသဖြင့် နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက် မျက်ဈေးအနီးတစ်ဝိုက်မှ ကျပ် သိန်းတစ်ထောင်နှင့် သိန်းနှစ် ထောင်ကြား မြေကွက်များမှာ အဓိက အရောင်းအဝယ် လိုက်နေ သည်ဟု ဆိုသည်။ ၂၀၁၆ ၏ နောက်ဆုံးသုံးလ အတွင်း ရန်ကုန်အပါအဝင် မန္တ လေးနှင့် နေပြည်တော်တို့မှာပါ အိမ်ခြံမြေ ဈေးကွက် ပြန်လည် လှုပ်ရှားနေကြောင်း အွန်လိုင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် House.com.mm က ၎င်းတို့ပြုစုထားသော အချက် အလက်များကို ထုတ်ပြန်ထား သည်။

Credit : 7day daily



Follow us on