
၂၀၁၅ ကွန်ဆိုင်းမန့်နဲ့ တင်သွင်းထားတဲ့ ကားတွေကို ၂၀၁၆ နှစ်ကုန်ခါနီးမှာ စလစ်အပြီးကပ်ရမယ်ဆိုတာကြောင့် ကျပ်သိန်း ၁၂၀ အထက်အထိ မြင့် တက်ခဲ့တဲ့ အမည်ပေါက်စလစ် တစ်စောင်ရဲ့ဈေးနှုန်းဟာ လက်ရှိ မှာ ကျပ် ၁၁၄ သိန်းဝန်းကျင်မှာ ဈေး ငြိမ်နေပါတယ်။
သက်တမ်းနှစ် ၂၀ စလစ်အပ် ကားရဲ့ ဈေးနှုန်းက ကျပ် ၁၀၈ သိန်းကနေ အခု ကျပ် ၁၀၅ သိန်းဝန်း ကျင်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ လက်ထဲမှာ အပ်ကားရှိနေရင်တော့ ရောင်းချသင့်တဲ့အနေအထား ဖြစ်နေပြီလို့ ဆိုပါတယ်။ လက်ရှိမှာ ဖရီးပါမစ်တွေနောက်လိုက်နေကြ တာများလို့ စလစ်အပ်ကားတွေအတွက် အာရုံစိုက်တာတွေ နည်းနေတယ်။ ၁၉၉၇ မော်ဒယ်သက်တမ်း နှစ် ၂၀ စလစ်အပ်ကားတွေ အပ်နှံခွင့် ရှိလာတယ်။ မှတ်ပုံတင်သက်တမ်း ၁၀ နှစ်ကျော် စက်မှုဇုန်ထုတ်ကားတွေကိုလည်း သက်တမ်းလျှော့ပြီး စလစ်အပ်နှံလဲလှယ်ခွင့်ပြုတော့မယ်လို့ သတင်းတွေထွက်နေတဲ့ အတွက် စလစ်ဈေးက ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိနေပါတယ်။
အဲဒါကြောင့် သက်တမ်း နှစ် ၂၀ စလစ်အပ်ကားကို ကျပ် ၁၀၂ သိန်းအထိ ဈေးကျနေတယ်လို့ ပြောနေကြပေမဲ့ စလစ်အပ်ကား ပိုင်ရှင်တွေက ကျပ် ၁၀၅ သိန်းရမှ လက်လွှတ်တဲ့ အနေအထား ရှိပါတယ်။ ထပ်တိုးအပ်နှံခွင့်ရှိတဲ့ စ လစ် အပ်ကားတွေဈေးကွက်ထဲ မရောက်ရှိသေးတဲ့အတွက် စလစ်ဈေးတွေက သိသိသာသာကျဆင်း တာမျိုးမရှိသေးဘဲ ဈေးငြိမ်နေပါတယ်။
Credit : kumudranews
comment