1. Home
  2. Special or Others

Chainsmokerရဲ့Closerကို ဖိလစ်ပိုင်သမ္မတဒူတာတေးနဲ့ Mixလုပ်ထားတဲ့ဗီဒီယို

Special or Others ม.ค. 06, 2560 view 1,680

Chainsmokerရဲ့Closerကို ဖိလစ်ပိုင်သမ္မတဒူတာတေးနဲ့ Mixလုပ်ထားတဲ့ဗီဒီယို နိုင်ငံအတွင်း မူးယစ်ရာဇ၀တ်ကောင်တွေကို ရက်ရက်စက်စက်ရှင်းလင်း သုတ်သင်နေတဲ့ ဖိလစ်ပိုင်သမ္မတဟာ သီချင်းဆိုကောင်းသူတစ်ယောက် ဆိုတာကို သိသူရှားမယ်ထင်ပါတယ်။နေရာတိုင်းလိုလိုမှာ ကြားနေ မြင်နေရတဲ့ Chainsmoker ရဲ့Closer သီချင်းကို လူတိုင်းလိုလိုသိကြမှာပါ။ဒီသီချင်းကိုပဲ အနုပညာရှင်ပေါင်းများစွာက ပုံစံမျိုးနဲ့ပြန်သီဆိုထားတဲ့ ဗားရှင်းပုံစံသစ်တွေကို လည်း ကြည့်ဖူး မြင်ဖူးကြမှာပါ။ဒါပေမယ့် ဒီသီချင်းကို သမ္မတဒူတာတေးရဲ့ ဗားရှင်းနဲ့တော့ တွေ့ဖူးကြတဲ့ သူရှိမှာမဟုတ်ပါဘူး။

ဒါပေမယ့် နားထောင်ချင်တယ်ဆိုရင်တော့ သမ္မတရိုဒီရေဂို ဒူတာတေးရဲ့ ဗားရှင်းနဲ့ Closer သီချင်း ဗီဒီယိုဖိုင် ထွက်ပေါ်လာပါပြီ။မူးယစ်တိုက်ပွဲတွေ၊ အမေရိကန်သမ္မတ အိုဘားမားအပေါ် သုံးနှုန်းခိုင်းနှိုင်းပြောဆိုတဲ့ စကားရိုင်း ရိုင်းတွေကြောင့် ကမ္ဘာ တစ်ဝန်းရှိ သတင်းစာတွေရဲ့ ခေါင်းကြီး ပိုင်းတွေ မှာ ဖော်ပြခံနေရတဲ့ သမ္မတဒူ တာတေးရဲ့ Closer သီချင်းဟာ ဖြတ်ညှပ်ကပ် ဖန်တီး ထားတာဖြစ်ပေမယ့် ကြည့်လိုက်ရတဲ့သူတိုင်းအတွက် ရယ်မောပျော် ရွှင်စရာတစ်ခုတော့ ပေးနိုင်မှာ သေချာပါတယ်။

Credit : shwemom



Follow us on