ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၇ ခုနှစ်တွင် ပြည်သူ့ရင်ပြင်၌ နှစ်ဦးတရား ချီးမြှင့်ခဲ့ကြသော ဆရာတော်ကြီးများ၏ ဘွဲ့အမည်အပြည့်အစုံနှင့် ချီးမြှင့်ခံထားရသော ဘွဲတော်များကို ကြည်ညိုသဒ္ဒါပွားများနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
၁။ ဒေါက်တာအရှင်ဉာဏိဿရ (သီတဂူဆရာတော်)
Ph.D, D.Litt အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထာဝါစကပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်။
**၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တော်ကို ထပ်မံ၍ ချီးမြှင့်ခြင်းခံရသည်။**
၂။ အရှင်သီရိန္ဒာဘိဝံသ (ယောဆရာတော်)
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဝိသုဒ္ဓါရုံစာသင်တိုက်။
၃။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (ပါမောက္ခချုပ်ဆရာတော်)
အဂ္ဂမဟာပဏ္ဍိတ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်။
၎။ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရဆရာတော်)
သာသနဓမဇဓမ္မာစရိယ၊ ရွှေပါရမီတောရကျောင်းတိုက်။
**၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် “မဟာသဒ္ဓမ္မဇောတိကဓဇ”ဘွဲ့တော်ကို ထပ်မံ၍ ချီးမြှင့်ခြင်းခံရသည်။**
၅။ အရှင်ရာဇိန္ဒ (ရဝေနွယ်အင်းမဆရာတော်)
သာသနဓဇဓမ္မာစရိယ၊ ဓမ္မရဝေ ကျောင်းတိုက်။