1. Home
  2. Myanmar News

ရန်ကုန်မြို့တွင်းပြေးဆွဲမည့် ယာဉ်လမ်းကြောင်းခရီးစဉ် Mobile App ထုတ်ပေးသွားမည်

Myanmar News ม.ค. 08, 2560 view 1,568
လာမည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် အသစ်စတင်မည့် ရန်ကုန်မြို့ဧရိယာ ယာဉ်လမ်းကြောခရီးစဉ်နှင့် ဘတ်စ်ကားမှတ်တိုင်များကို အသေးစိတ်ဖော်ပြမည့် Mobile Application ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ခရီးသွားပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် ယာဉ်လမ်းကြောင်းနှင့် မှတ်တိုင်များကို ဝဘ်ဆိုက်၊ လူမှုကွန်ယက် ဖေ့စ်ဘုတ်တို့တွင်သာမက မိမိတို့၏ မိုဘိုင်းအတွင်း ထည့်သွင်းကြည့်ရှုနိုင်မည့် Mobile Application တစ်ခုကိုလည်း ဖြန်ဝေသွာရန်စီစဉ်ထားသည်။ 
အဆိုပါ Mobile Application တွင် မိမိသွားလိုသော ခရီးစဉ်အတွက် စီးရမည့် ဘတ်စ်ကားလိုင်းနှင့် ကြာမြင့်ချိန်ကိုပါ ဖော်ပြပေးနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်းထားမည်ဖြစ်သည်။ ထို့အပြင် ဘတ်စ်ကားအစီစဉ်သစ်ကို မိတ်ဆက်ဆဲကာလတွင် မေးမြန်စုံစမ်းနိုင်မည့် Call Center ကိုလည်း ဖွင့်လှစ်ပေးသွားမည့်အပြင် ဘတ်စိကားဂိတ်များတွင်လည်း  ကူညီလမ်းညွှန်ပေးမည့် ဝန်ထမ်းတစ်ဦးကို ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
မ.ထ.သ စနစ်ဖျက်သိမ်းလိုက်ပြီးနောက် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင် Yangon Region Transport Authority (YRTA) က ဦးစီးကွပ်ကဲမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းတစ်ခုတွင် ဘတ်စ်ကားလိုင်း နံပါတ်တစ်ခုသာ သတ်သတ်မှတ်မှတ်ပြေးဆွဲသွားမည်ဖြစ်သည်။ စတင်ပြေးဆွဲမည့်ရက်တွင် (YRTA) စာတန်းနှင့် ယာဉ်လိုင်းနံပါတ်များကို တပ်ဆင်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီ (၈)ခုတွင် ရန်ကုန်ဘတ်စိကားအများပိုင်ကုမ္ပဏီ(BRT) နှင့် စီးပွားရေးဦးပိုင် လီမိတက်မှ ဗန္ဓုလသယ်ယူပို့ဆောင်းရေး တို့လည်း ပူးပေါင်းဆောင်ရွက်ကြောင်း သတင်းရရှိသည်။
 
 
Photo:irrawaddy


Follow us on