1. Home
  2. Myanmar News

ဇန်နဝါရီ ၁၆ ရက်နေ့စတင်မည့် ဘတ်စ်ကားလိုင်းအသစ်ကြောင့် အခက်မဖြစ်အောင် သိထားသင့်တာလေးများ

Myanmar News ม.ค. 09, 2560 view 1,763
ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ လက်ရှိပြေးဆွဲနေသည့် မ.ထ.သ ယာဉ်လိုင်းများအားလုံး ရပ်တန့်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အကောင်အထည်ဖော်သည့် အုပ်ချုပ်မှုပုံစံအသစ်နှင့် မော်တော်ယာဉ်လိုင်းအသစ်များ ပြောင်းလဲသွားမည့်အပေါ် ခရီးသွားပြည်သူအများက စိုးရိမ်ပူပန်လျှက်ရှိနေကြသည်။
 
နိစ္စဓူဝ အသားကျခဲ့ကြသည့် ဘတ်စ်ကားယာဉ်လိုင်း နံပါတ်များနှင့် လုံးဝကွဲပြားသွားပြီး ပြေးဆွဲမည့်လမ်းကြောင်းများ အနည်းငယ်ကွဲပြားသည့်အပေါ်တွင် အသစ်မှပြန်လည် စတင်လေ့လာရမည့်အပေါ် အခက်အခဲရှိသကဲ့သို့ ခံစားနေကြရကြောင်း သိရှိရသည်။ ယနေ့မှစတင်၍ (၇) ရက်သာ လိုတော့သည့် ဘတ်စ်ကားလိုင်းအသစ်များ ပြေးဆွဲမှုအတွက် သတင်းအချက်လက်များကို ဘတ်စ်ကားမှတ်တိုင်များတွင် ယနေ့ထိတိုင် ဖော်ပြထားခြင်း မရှိသေးသည့် အတွက် အဆိုပါနေ့တွင် ရုတ်တရက်ပြောင်းလဲသွားမည့် အခြေအနေအပေါ် စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
 
ထိုကဲ့သို့ ပူပန်မှုများမရှိစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့မှ “ရန်ကုန်ဘတ်စ်” အမည်ဖြင့် ဝဘ်ဆိုက်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ ဝဘ်ဆိုက်တွင် ယာဉ်လိုင်းနံပါတ်များနှင့် ခရီးစဉ်အလိုက် မြေပုံများကိုပါ တစ်ပါတည်း ရှင်းလင်းစွာဖော်ပြထားသည့်အတွက် ဇန်နဝါရီ ၁၆ ရက်နေ့တွင် မိမိသွားလိုသော ခရီးစဉ်ကို ကြိုတင်လေ့လာထားခြင်းဖြင့် အခက်အခဲ မရှိစေရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
 
 
 
**သွားရောက်ကြည့်ရှုရမည့် ဝဘ်ဆိုက်လိပ်စာ **
 
>> www.yangonbus.com <<
 
 
ဇန်နဝါရီ ၁၆ ရက်မတိုင်မီ ဝဘ်ဆိုက်တွင် ကြိုတင်လေ့လာထားသကဲ့သို့ ဘတ်စ်ကားလိုင်းများ၏ ပြေးဆွဲမည့် လမ်းကြောင်းပုံများကိုလည်း မိမိတို့၏ မိုဘိုင်းဖုန်းအတွင် သိမ်းဆည်းထားခြင့်ဖြင့်လည်း အထောက်အကူဖြစ်စေပါမည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 


Follow us on