1. Home
  2. Special or Others

နီးနီးနားနား ပြည်တွင်းက ဗုဒ္ဓဂယာခရီးသွားကြမယ်

Special or Others ม.ค. 09, 2560 view 2,237
ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ရာ၊ ပွင့်တော်မူရာ ဒေသဖြစ်တဲ့ ဗုဒ္ဓဂယာကို အိန္ဒိယနိုင်ငံအထိ သွားရောက်မဖူးမျှော်နိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒေသတွင်းကပြည်သူတွေ လာရောက်ဖူးမျှော်နိုင်အောင် မြန်မာနိုင်ငံအတွင်းမှာပဲ ဗုဒ္ဓဂယာပုံစံအတိုင်း တစ်ထေရာတည်း ထပ်တူကျအောင် တည်ထားတဲ့ နေရာလေးတစ်ခု ရှိနေပါပြီ။
 
 
ပြည်းတွင်းမှာတည်ထားတဲ့ ဗုဒ္ဓဂယာ နေရာကို ရန်ကုန်မြို့နဲ့ ၃၆၇ ကီလိုမီတာကွာဝေးပြီး၊ မန္တလေးကဆိုရင်တော့ ၂၇၀ ကီလိုမီတာခန့်သာ ကွာဝေးတဲ့ နေပြည်တော်မှာ တည်ရှိပြီး ဗုဒ္ဓဂယာရဲ့ မူရင်းပုံစံအတိုင်း တည်ထားပါတယ်။ အားသာချက်တစ်ခုကတော့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ တစ်နေရာနှင့် တစ်နေရာ အဝေးကြီး သွားရောက်ဖူးမျှော်ရတဲ့ ဖွားတော်မူရာနေရာ၊ ပွင့်တော်မူရာနေရာ၊ ဓမ္မစကြာတရားဦးဟောရာနေရာနဲ့ ပရိနိဗ္ဗာန်စံရာနေရာ စတဲ့ အထင်ကရ နေရာများကို တစ်နေရာထဲမှာ စုစုစည်းစည်းနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။
 
 
 
 
 
 
 
 
 
 
 
 
 
 
နေပြည်တော်ရဲ့ မြောက်ဘက် ၃၅ ကီလီုမီတာ အကွာအဝေးမှာ တည်ရှိပြီး နာရီဝက်ခန့် ကားမောင်းသွားရင် ရောက်ပါပြီ။ နေပြည်တော်ရောက်တဲ့အခါ ရာဇသင်္ဂဟ လမ်းမကြီးအတိုင်း တည့်တည့်ကြီး မောင်းသွားရင် ပုဗ္မာသီရိမြို့ပတ်လမ်းကို ရောက်ပါမယ် အဲဒီကနေ တည့်တည့် ဆက်မောင်းသွားပြီး ခွာဖြူအဝိုင်းကို ရောက်တဲ့အခါမှာ ဘယ်ဖက်ချိုးလိုက်ရင် တပ်ကုန်သွားတဲ့ လမ်းကြီးပေါ်ကို ရောက်ပါမယ်။ ဆက်မောင်းသွားတဲ့အခါ နေပြည်တော် ဗုဒ္ဓဂယာဆီကို ရောက်ပါပြီ။
 
 
အိန္ဒိယက ဗုဒ္ဓဂယာကို အကြောင်းအမျိုးမျိုးကြောင့် သွားရောက်မဖူးမျှော်နိုင်သူတွေအတွက် ဒီနှစ်ခရီးထွက်မယ့်အစီအစဉ်မှာ ထည့်သွင်းထားရမယ့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း သတင်းပေးလိုက်ပါရစေ…။
 
ပိုပိုလေးအဖွဲ့သားများ
 
Photos & Info Credit:Win Pa Pa Tun
 


Follow us on