1. Home
  2. Movie Stars - Celebrity

အချစ်ဆိုတာ ပူလောင်တယ်ဆိုတဲ့ ပိုပို

Movie Stars - Celebrity ม.ค. 09, 2560 view 1,530

ပရိတ်သတ် အခိုင်အမာရရှိနေပြီး အားပေးမှု အပြည့် ရနေတဲ့ ပိုပိုတစ်ယောက် ၂၀၁၆ ထဲက show ပွဲတွေ အဆိုများပြီးအလုပ်တွေ ပိနေခဲ့ ပါတယ်။ ၂၀၁၇ မှာတော့ ခရီးတွေ ထွက်မယ်လို့ စိတ်ကူးထားပါတယ်တဲ့ ။ သွားချင်တဲ့ ခရီးလေးတွေကို သွားနုင်အောင်ကြိုးစားမယ် အဓိက Target ထားထားတယ်လို့ ပြောလာပါတယ်။

ရည်းစားအသစ်ရနေပြီလို့ နာမည် ထွက်နေပေမယ့် မဟုတ်ပါဘူး အသစ်ရနေရင် ပျော်နေမှာပေါ့ အခုက မရှိပါဘူး အချစ်ရေးက အေးဆေးပါပဲ ကိုယ့်ဘ၀ ကိုယ် ငိုတောင်ငိုချင်တယ် ။၂၀၁၇ မှာလည်း ဘယ်သူ့ကိုမှ ချစ်လို့ ရဦးမှာမဟုတ်ဘူးလေ လူတစ်ယောက်ကို ချစ်ဖို့လွယ်မှမလွယ်တာ ကိုယ့်ကိုယ်ကို ပဲ အရင်ဆုံးချစ်နိုင်အောင် ကြိုးစားပါအုံးမယ် ။ သီချင်းတွေဆိုမယ် သီချင်းတွေ ဖန်တီးမယ် ခရီးထွက်မယ် ။

ပိုပိုလူတစ်ယောက်ကို ချစ်မိသွားရင် လူတစ်ယောက် ကပိုပို့ ကို ချစ်လာရင် အရင်ဆုံးပြောမှာပါ အခုတော့ ရင်ထဲမှာ ဘာမှ မရှိပါဘူး အလုပ်တွေ လုပ်ရင်း ပင်ပန်းတာ ပဲ ရှိပါတယ်။ ဘာဝကို ပျော်ပျော်ပဲ ဖြတ်သန်းချင်ပါတယ်။ အချစ်ဆိုတာ ပူလောင်တယ် အဲ့ဒါကြောင့် ကိုယ့်ကိုယ် ကိုယ် ပူလောင်မခံနိုင်သေးဘူးလို့ ပြောသွားခဲ့ ပါတယ် ။

Credit:oasis



Follow us on