1. Home
  2. Special or Others

လမ်းဘေးဈေးသည်ဘဝကနေ အိမ်ဆိုင်ဘဝကိုရောက်အောင် NLD ကို မဲပေးခဲ့တာလို့ဆိုပြီး ရဲနှင့် ပြဿနာဖြစ်သူများ

Special or Others ม.ค. 09, 2560 view 1,540
လိုင်စင်မဲ့ ဆိုက်ကားနှင့် ဈေးရောင်းချသူများကို လိုက်လံဖမ်းဆီးရှင်းလင်းခဲ့ပြီးနောက် လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရဲစခန်းရှေ့တွင် ဖမ်းဆီခံထားရသော ဆိုက်ကားပိုင်ရှင်နှင့် ဈေးသည်များက မကျေမနပ်ဖြစ်ကာ အော်ကြီးဟစ်ကျယ် စကားများခဲ့ကြပါတယ်။
 
လမ်းဘေးဈေးသည်ဘဝကနေ အိမ်ဆိုင်ဘဝကိုရောက်အောင် NLD ကို မဲပေးခဲ့တာလို့ ဆိုသူက လိုင်စင်နဲ့ ဆိုက်ကားကို မဝယ်နိုင်လို့ လိုင်စင်မဲ့ဆိုက်ကားနဲ့ လုပ်စားနေခဲ့ရာမှ အခုလို အဖမ်းခံခဲ့ရတဲ့အတွက် မကျေမနပ်ဖြစ်ကာ ပေါက်ကွဲပြောဆိုခဲ့တဲ့ ဗီဒီယိုအွန်လိုင်းမှာ ပျံ့နှံ့ခဲ့ရပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်က ၂၀၁၇ ဇန်နဝါရီ ၃ ရက်နေ့က လမ်းမတော်မြို့နယ်မှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး Ko Thein Zaw လူမှုကွန်ယက်အကောင့်မှနေ ဝေမျှခဲ့ခြင်းဖြစ်ပါတယ်။
 


Follow us on