1. Home
  2. Myanmar News

တရုတ်နှစ်ကူးပွဲတော် နီးလာ၍ မူဆယ်တွင် ဆန်ဈေးကျလာ

Myanmar News ม.ค. 10, 2560 view 1,490

တရုတ် နှစ်သစ်ကူးပွဲတော်ကျင်းပမည့်ရက်နီးလာ၍ တရုတ်ဆန်ကုန်သည်များ မွေးရပ်ဒေသ အပြန်များခြင်းကြောင့် ယခုရက် ပိုင်းတွင် မူဆယ်၌ ဆန်ရောင်းချမှု လျော့ကျပြီး ဈေးနှုန်းကျဆင်းလာကြောင်း သတင်းရရှိသည်။ ပြည်တွင်းမှ မူဆယ်မြို့သို့ ဆန်တင်ပို့မှုသည် ယခုရက်ပိုင်း တွင် တစ်ရက်လျှင် အိတ်ရေ ငါး သောင်းကျော်ရှိနေသော်လည်း ယူနန်ပြည်နယ် ရွှေလီမြို့ရှိတရုတ်ကုန်သည်များက အ၀ယ်နည်းနေ ကြောင်း မူဆယ်မြို့ ၁၀၅ မိုင်နယ် စပ်ကုန်သွယ်ရေးဇုန်တွင် အ ရောင်းအ၀ယ်ပြုလုပ်နေသော ကုန်သည်အချို့က ပြောသည်။

မူဆယ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာနောက်ဆုံးပတ်က ဖြစ် ပွားသည့် တိုက်ပွဲများပြီးနောက် ကုန်သွယ်ရေးအခြေအနေသည် ဒီဇင်ဘာလကုန်ပိုင်း၌ ပြန်လည်ကောင်းမွန်လာသည်။ ဇန်န၀ါရီလဆန်းတွင် ပုံမှန်ကုန်သွယ်ရေးအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး တရုတ်နိုင်ငံမှ ကုန်သည်များက နေ့စဉ်သကြား အိတ်ရေ ရှစ်သောင်းမှ တစ်သိန်း ကြား ပုံမှန်ဝယ်ယူနေကြောင်း မူဆယ်မြို့ခံ သကြားကုန်သည် တစ်ဦးက ဆိုသည်။

လက်ရှိတရုတ်နှစ်သစ်ကူးပွဲ တော်နီးကပ်လာချိန်တွင် တရုတ် ကုန်သည်များ အများဆုံးဝယ်ယူ သည့် လယ်ယာထွက်ကုန်ပစ္စည်း မှာ ပြောင်းဖူးစေ့ဖြစ်နေပြီး တစ်အိတ်လျှင် တရုတ်ငွေ ၇၁ ယွမ် (ကျပ် ၁၃,၇၀၀ ကျော်)ဈေးရှိပြီး ပြည်တွင်းမှ တင်ပို့သည့် ဧည့်မထဆန်တစ်အိတ်လျှင် ၁၁၇ ယွမ် (ကျပ် ၂၂,၅၀၀ ကျော်)ဖြင့် ဈေးဖွင့်သည်။ မူဆယ်၊ ရွှေလီနယ်စပ်ကုန် သွယ်ရေးသည် ၂၀၁၆ နှစ်ကုန်တွင် တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့တို့အကြား တိုက်ပွဲများကြောင့် မူဆယ်နယ် စပ်ကုန်သွယ်ရေးစခန်း၌ တစ်လအတွင်း ပို့ကုန်တန်ဖိုးသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာသန်း ၃၅၀ ကျော် လျော့နည်းခဲ့သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ကိုးလအတွင်း မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာ ဏသည် အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူက ဒေါ်လာ သန်း ၃,၉၅၀ ကျော်ရှိခဲ့သည်။

Credit : 7daydaily



Follow us on