1. Home
  2. Movie Stars - Celebrity

နာမည် ပျက်စာရင်းသွင်းထား တဲ့ Chris Brown

Movie Stars - Celebrity ม.ค. 10, 2560 view 1,504

Time Athletic အားကစားခန်းမက Chris Brown ကို နာမည်ပျက်စာရင်းသွင်းလိုက်ပြီး Time Athletic ရဲ့ ဘယ်အားကစားခန်းမ ကို မှ သွားလို့ မရတော့ပါဘူး ထုတ်ပြန်ထားပါတယ်။ အသက် ၂၇ နှစ် ကလေးတစ်ယောက် အဖေ ဖြစ်တဲ့ Chris Brown ဟာ Time Athletic အားကစားရုံတစ်ခု မှာ သူငယ်ချင်းတွေနဲ့ ဘတ်စကက်ဘော ကွင်းမှာ ကစားနေစဉ် အချင်းချင်း အော်ဟစ် ဆဲဆို ခြင်းနဲ့ သီချင်းတွေ အကျယ်ကြီး တီးခတ်သီဆိုခြင်းတွေ ပြုလုပ်တဲ့ အတွက် တခြား ဧည့်သည် တွေက တိုင်ကြား ခဲ့ ပါတယ်။

မန်နေဂျာ အမျိုးသမီးက အသံ လျှော့ပေးဖို့ တောင်းဆို ခဲ့ တာကို ရိုင်းစိုင်းစွာ တုန့်ပြန် ဆဲဆိုပြီး တံခါးကို တံတွေးနဲ့ ထွေးသွားခဲံပါတယ်။ ရဲ့ မန်နေဂျာနဲ့ စကားများကြပြီး Chris Brown ရဲ့ အရမ်းရန်လို ပြီး လက်မခဲနိုင်အောင် အပြု အမူတွေကြောင့် Chris Brown နဲ့ သူငယ်ချင်းတစုကို အမေရိက နဲ့ ကနေဒါမှာရှိတဲ့ ကုမ္ပဏီ ရဲ့ အားကစားခန်းမ ၁၀၀ မှာ ကစားခွင့် ပိတ်လိုက်တာလဲ ဖြစ်ပါတယ်။

Chris Brown ဟာ ရက်ပါ ဆိုဂျာဘွိုင်းနဲ့လည်း ဆိုရှယ်မီဒီယာမှာ ပြဿနာတွေ ဖြစ်နေကာ ကြိုးဝိုင်းထဲမှာ လက်ဝှေ့ချင်း ယှဉ်ထိုးကြဖို့အထိ ပြောဆိုကြတဲ့အထိ ရန်ပွဲက ကြီးထွားလာခဲ့ပါတယ်။ မတ်လမှာ ပြုလုပ်မယ်ဆိုတဲ့ လက်ဝှေ့ပွဲအတွက် ဆိုဂျာဘွိုင်းကို မေဝယ်လ်သာက လေ့ကျင့်ပေးမှာ ဖြစ်ပြီး ခရစ္စဘရောင်းကိုတော့ မိုက်တိုင်ဆန်က လေ့ကျင့်ပေးမယ်လို့ သိရပါတယ် ။



Follow us on