1. Home
  2. Movie Stars - Celebrity

အန်ကယ်လ်က အားနာတတ်တယ် ဒါပေမယ့် မကောင်းရင်တော့ NO ပါကွယ်

Movie Stars - Celebrity ม.ค. 10, 2560 view 1,558
Myanmar Idol သီဆိုယှဉ်ပြိုင်မှုမှာ ပရိသတ်တွေ စိတ်ဝင်စားမှုအရှိဆုံး ဒိုင်တစ်ဦးကတော့ မြန်မာပြည်သိန်းတန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုနဲ့အတူ တင်းကျပ်တဲ့ ရွေးချယ်မှုတွေကြောင့် ပါဝင်ယှဉ်ပြိုင်သူများနဲ့ ပရိသတ်ကပါ ဖြုံနေရတဲ့ ဒိုင်တစ်ဦးဖြစ်ပါတယ်။
 
သူသဘောကျတဲ့ ပြိုင်ပွဲဝင်ကို “ခေသူမဟုတ်” ဆိုတဲ့ မှတ်ချက်နဲ့အတူ လက်ကမ်းကြိုဆိုတတ်ပြီး၊ သူသဘောမကျရင်တော့ “အန်ကယ်လ့်ရင်ထဲ သိပ်မရောက်ဘူးကွဲ့ ဒီတစ်ခါတော့ နိုးပါကွယ်” လို့ အားမနာတမ်း ငြင်းပယ်တတ်သူဖြစ်ပါတယ်။
 
တစ်ကယ်တော့ သူဟာ အလွန်အားနာတတ်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အနုပညာနဲ့ ပက်သက်လာရင်တော့ စစ်မှန်တဲ့ အဆိုပညာရှင်တွေ မွေးဖွားလာဖို့ အားနာမှုတွေကို ဘေးဖယ်ပြီး ဘယ်သူ့မျက်နှာမှ မထောက်ပဲ ရွေးချယ်ရတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေ သူ့အပေါ် ဝေဖန်တာနဲ့ ပက်သက်ပြီး မြန်မာပြည်သိန်းတန်က ရုပ်သံမေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။
 
Credit:MyanmarCelebrity
 


Follow us on