1. Home
  2. Myanmar News

ပြန်ကြားရေးဝန်ကြီးဌါနဝဘ်ဆိုက် DDoS စနစ်ဖြင့် တိုက်ခိုက်ခံရ

Myanmar News ม.ค. 10, 2560 view 1,483
ပြန်ကြားရေးဝန်ကြီးဌာန Webportal ကို ၇-၁-၂၀၁၇ ရက်နေ့ ည (၉)နာရီခွဲ အချိန်မှအစပြု၍ DDoS attack ဖြင့်တိုက်ခိုက်ခဲ့ပြီး ၈-၁-၂၀၁၇ ရက်နေ့ နံနက် (၄းဝဝ) နာရီအချိန်တွင် Webportal ကို ကြည့်ရှု၍ မရတော့ပါသဖြင့် Webportal ကို ပြန်လည် လွှင့်တင်ရန် ဟံသာဝတီ Data Center ၌ နည်းလမ်း အဆင့်ဆင့်ဖြင့် ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။
 
အဆိုပါ တိုက်ခိုက်မှုမှာ ပြည်ပ အခြေပြု IP နံပါတ် များဖြင့် အများဆုံး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်၍ MPT Gateway အတွင်းသို့ ဝင်ရောက် လာသော အန္တရာယ်ရှိသည့် IP များကို ပိတ်ခဲ့ပြီး ၉-၁-၂၀၁၇ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ် အချိန်တွင် ပြည်တွင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal ဖြစ်သော www.moi.gov.mm ကို ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ပြည်ပနိုင်ငံများနှင့် Mobile ဖုန်းများမှ ကြည့်ရှု၍ မရသေးပါကြောင်းနှင့် ပြည်တွင်းပြည်ပနှင့် Mobile ဖုန်းများမှ www.moi.gov.mm အား ပြန်လည် ကြည့်ရှုရရှိနိုင်ရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်။
 
ပြန်ကြားရေးဝန်ကြီးဌာန


Follow us on