1. Home
  2. Movie Stars - Celebrity

ဇာတ်ပွဲကြော်ငြာဗီနိုင်းကြောင့် သဘင်အစည်းအရုံးမှာ ရှင်းလိုက်ရတဲ့ ဇွန်သဉ္ဇာ

Movie Stars - Celebrity ม.ค. 11, 2560 view 1,779
ဇွန်သဉ္ဇာ ပါဝင်ဖျော်ဖြေမယ့် ကြံခင်းမြို့နယ်က ပွဲတစ်ခုအတွက် သူမ၏ မလုံ့တစ်လုံ Sexy ပုံများနှင့် ကြေငြာခဲ့သည့်အတွက် ဇွန်သဉ္ဇာအား သဘင်အစည်းအရုံးမှ ခေါ်ယူခဲ့သတိပေးခြင်းခံခဲ့ရကြောင်း သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
 
 
ကြံခင်းမြို့ရှိ ပွဲကန်ထရိုက်အား ကြော်ငြာဗီနိုင်းထုတ်ရန် Viber မှတစ်ဆင့် သူမ၏ ပုံများကို ပေးပို့ခဲ့သော်လည်း ပွဲကန်ထရိုက်မှ အဆိုပါပုံများကို အသုံးမပြုပဲ ပွဲပေါက်စေရန် ရည်ရွယ်ကာ အွန်လိုင်းမှ ကြေငြာဗီနိုင်းထုတ်ရန် မသင့်သောပုံများကို ကူးယူပြီးနောက် သူမ၏ သိရှိခြင်းမရှိပဲ ဗီနိုင်းထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံသယင်အစည်းအရုံးတွင် သွားရောက် ရှင်းလင်းခဲ့သည်။
 
ထိုကဲ့သို့ ဘဘင်အစည်းအရုံးက သူမအပေါ်အထင်အမြင်လွဲမှားအောင် ပြုလုပ်ခဲ့သည့် ပွဲကန်ထရိုက် နောင်ကျဉ်စေရန် အဆိုပါပွဲသို့ လုံးဝသွားရောက် ဖျော်ဖြေမည် မဟုတ်ကြောင်းလည်း အသိပေးခဲ့သည်။ နောက်နောင်တွင် လာရောက်ငှားရမ်းမည့် ကန်ထရိုက်များကိုလည်း သူမ၏ခွင့်ပြုချက်မရသော ဓါတ်ပုံများနှင့် ကြေငြာမည်ဆိုပါက တရားစွဲအရေးယူသွားမည်ဖြေစ်ကြောင်း ကြေညာခဲ့သည်။
လက်ရှိတွင် လက်ခံထားသော အခြားပွဲများကို လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး ပွဲပါမစ် ပိတ်ခံသည်ဆိုသည်မှာ လုံးဝမဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။
 
Source:ဇွန်သဉ္ဇာဖေ့စ်ဘုတ်


Follow us on