1. Home
  2. Myanmar News

အများပိုင်ယာဉ်လိုင်း ဘတ်စ်ကားများကို စနေ၊ တနင်္ဂနွေတွင် စတင်ပြေးဆွဲစေလိုကြောင်း တောင်းဆို

Myanmar News ม.ค. 11, 2560 view 1,596
အများပိုင်ယာဉ်လိုင်း ဘတ်စ်ကားများကို ဇန်နဝါရီ ၁၆ ရက် (တနင်္လာနေ့)တွင် စတင်ပြေး ဆွဲမည့်အစား စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်တွင် စတင်ပြေးဆွဲစေလို ကြောင်း အများပိုင်ဘတ်စ်ကား ကုမ္ပဏီအချို့က တောင်းဆိုထား ကြောင်း သတင်းရရှိသည်။
 
ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက အများ ပိုင်ဘတ်စ်ကားများကို ဇန်နဝါရီ ၁၆ ရက်မှစတင်၍ ပြေးဆွဲရမည် ဟု ပြောကြားထားပြီး ယင်းနေ့မှာ တနင်္လာရုံးဖွင့်ရက်ဖြစ်နေ၍ စနစ် အသစ်ကြောင့် ခရီးသွားများအ ခက်အခဲ မရှိစေရန် တင်ပြထား ကြောင်း ကုန်းဘောင်ရန်ကုန်အ များနှင့် သက်ဆိုင်သော ကုမ္ပဏီ ၏ ဒါရိုက်တာ ဦးသန့်ဇင်ကြည်က ပြောသည်။
 
‘‘စနေ၊ တနင်္ဂနွေဆိုရင် ခရီး သွားလည်းပါးတယ်။ အဲဒီရက်မှာ စဆွဲတော့ ခရီးသည်တွေအတွက်  ပြင်ဆင်ချိန်လည်း ပိုရမယ်။ ရုံးဖွင့်ရက်မှာစီးရမယ့် ကားလမ်းကြောင်းအခြေအနေကို လေ့လာခွင့်လည်း ရနိုင်စေမယ့်အတွက် တိုင်းဒေသ ကြီးအစိုးရကို တင်ပြထားတာပေါ့။ဒါပေမဲ့ ဝန်ကြီးချုပ်ကတော့ မူလ ကြေညာထားတဲ့ရက်ကို ပြင်လိုတဲ့သဘောမတွေ့ရသေးဘူး’’ဟု ဦး သန့်ဇင်ကြည်က ပြောသည်။
 
 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် လက်ရှိပြေးဆွဲ နေသော ဘတ်စ်ကားစနစ်ကို ဇန်နဝါရီ ၁၅ ရက်ညတွင် အပြီး တိုင်ဖျက်သိမ်းပြီး နောက်တစ်ရက် တွင် စနစ်အသစ်ဖြင့် စတင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
 
သို့သော် စနစ်သစ်စတင်ရန် ကြေညာသည့်ရက်နှင့် စတင်ပြေး ဆွဲမည့်ရက်မှာ နီးကပ်နေခြင်း ကြောင့် ပြင်ဆင်ချိန်ရရှိမှုနည်းပါး သည်ဟု ဆိုကာ ဝေဖန်မှုများရှိနေ သည်။ ‘‘ခရီးသည်တွေတင်မကဘူး။စဆွဲမယ့်နေ့မှာ ယာဉ်လုပ်သား တွေပါ တိုင်ပတ်မှာ။ လမ်းကြောင်းတွေကလည်း ပြောင်းထားတော့ ယာဉ်မောင်းတွေလည်း လမ်းညွှန် မြေပုံကြည့်မောင်းရမယ်။ စပယ် ယာကလည်း မှတ်တိုင်စာရွက် ကြည့်ပြီး လူခေါ်ရမယ်။ ခရီးသည် ကလည်း ဘယ်ကားက ဘယ် ရောက်မှန်းမသိနဲ့ ဖြစ်မယ့်ရက်ပဲ။ ရုံးပိတ်ရက်လောက်မှာ စထားလို့ ရှိရင် မဆိုးလောက်ဘူးထင်တာပဲ’’ဟု ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦး အောင်သန်းက ပြောသည်။
 
အများပိုင်ဘတ်စ်ကားပြေး ဆွဲမှုစနစ်သည် ဇန်နဝါရီ ၁၆ ရက် တွင် စတင်မည်ဖြစ်ပြီး စုစုပေါင်း ယာဉ်လိုင်း ၆၀ ဖြင့် ပြေးဆွဲမည်ဆိုသော်လည်း ယခုအချိန်အထိ အ များပြည်သူ သဘောပေါက်နား လည်စေရန် အသိပညာပေးမှုအား နည်းနေသေးကြောင်း ခရီးသွား များက ပြောသည်။
 
 လက်ရှိတွင် ဘတ်စ်ကား စနစ်ပြောင်းလဲခြင်းကြောင့် ကုမ္ပဏီအချို့က ဝန်ထမ်းများရုံးတက်ချိန် ကို မိနစ် ၃၀ ခန့်နောက်ကျခွင့်ပြု ၍ ပြင်ဆင်ပေးထားမှုများ ရှိနေ သည်ကို တွေ့ရသည်။
 
Credit:7Day


Follow us on