1. Home
  2. Special or Others

ဂိမ်းမဆော့ရန်တားမြစ်သည့် မိခင်ကို လူကြားထဲမှာ ခြေထောက်ဖြင့် ဆက်တိုက်ကန်ခဲ့သည့် ကိုးနှစ်သား ကလေးငယ်

Special or Others ม.ค. 11, 2560 view 1,685
တရုပ်နိုင်ငံက အသက် ၉ နှစ်သာရှိသေးသည့် ကလေးတစ်ဦးကို မိခင်ဖြစ်သူက ဂိမ်းမဆော့ရန် တားမြစ်ရာ မကျေမနပ်ဖြစ်ပြီး မိခင်ဖြစ်သူကို အဆက်မပြတ်ကန်ကျောက်ခဲ့သည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်ခဲ့ပါတယ်။
 
အဆိုပါအဖြစ်အပျက်ဟာ တရုပ်နိုင်ငံတောင်ပိုင်း ဂွမ်ကျိုးမြို့ရှိ ဆေးရုံတစ်ရုံတွင် ဖြစ်ပျက်ခဲ့ပြီး အဖွားဖြစ်သူက ကြားမှဝင်ဆွဲနေသည့်ကြားထဲမှ ကလေးဟာ မိခင်ဖြစ်သူကို အဆက်မပြတ် မျက်နှာအနားထိ ခြေထောက်နဲ့ ကန်နေတာကို တွေ့မြင်ရပါလိမ့်မယ်။
ဗီဒီယိုပါ အဖြစ်အပျက်အပေါ် ဝေဖန်သူများက အခုလောက်ထိ စော်ကော်မော်ကား မဖြစ်စေရန် သားသမီးအပေါ် အလိုမလိုက်ထားသင့်ကြောင်းနှင့် ကလေးငယ်များ ဂိမ်းကို အရှုးအမူးစွဲလန်းအောင် ကစားဖို့ ခွင့်မပြုသင့်ကြောင်း ပြောဆိုခဲ့ကြသည်။  


Follow us on