1. Home
  2. Myanmar News

တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်တွင် တွေ့ဆုံ

Myanmar News ม.ค. 11, 2560 view 1,501

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းအချို့၏ငြိမ်းချမ်းရေး ကမ်းလှမ်းလိုမှု အခြေအနေများ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စား လှယ်က ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။ တရုတ် အထူးကိုယ်စား လှယ် မစ္စတာဆွန်ကော်ရှန်နှင့် ဇန်နဝါရီ ၁၀ ရက်က နေပြည် တော်၌ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပြင်ပမှ ဖိအားများမပါဘဲ မိမိသဘောဆန္ဒအရ ချောမွေ့စွာလိုက်ပါဆောင် ရွက်ခြင်းသည် အကောင်းဆုံးဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်။

တရုတ် အထူးကိုယ်စား လှယ်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့်ပတ်သက်၍ အတတ်နိုင်ဆုံး ကူညီသွားမည်ဖြစ်ပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း အချို့နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည့် အခြေအနေများ၊ မြန်မာ့တပ်မတော်က စစ်ရေးအသာစီးရရှိမှုအခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ငြိမ်းချမ်းရေးကမ်းလှမ်းလိုမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်အထူးကိုယ် စားလှယ်တို့သည် ဒုတိယအကြိမ် မြန်မာ-တရုတ်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူး ပေါင်းပြုလုပ်သည့် ၂+၂ အစည်း အဝေးကျင်းပပြုလုပ်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မစ္စတာဆွန်ကော်ရှန်သည် ဇန်နဝါရီ ၉ ရက်ကလည်း မြန်မာ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဗဟိုဌာန (MPC)ဥက္ကဋ္ဌဟောင်း ဦးအောင်မင်းနှင့် လည်း တွေ့ဆုံခဲ့သည်။

Credit : 7daydaily

photo ; 7daydaily



Follow us on