ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အဆိုတော် ကဗျာဘွဲ့မှူးအား ယောင်းမတော်စပ်သူ မမိုးနှင်းသက်မှ အကူအညီပေးခဲ့သော ငွေကျပ်သိန်း ၂၅၀၀ အား ၅ ရက်အတွင်း ပြန်လည်ပေးအပ်ရန် ကြေညာခဲ့ပြီး ကျော်လွန်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရှေ့နေမှတစ်ဆင့် အများပြည်သူ သိရှိစေရန် ကြေညာခဲ့ခြင်းဖြစ်သည်။
ကဗျာဘွဲ့မှူး၏ ZTH စက်သုံးဆီဆိုင်လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများတွက် ငွေကြေးအကူအညီတောင်းခံမှုကြောင့် မမိုးနှင်းသက် ပိုင်ဆိုင်သော လက်ဝတ်ရတနာများ၊ မြေကွက်များကို အသိဆွေမျိုးများထံ အာမခံအပေါင်ထားကာ စုစုပေါင်း ငွေကျပ် သိန်း၂၅၀၀ အားကူညီပေးခဲ့ပြီးနောက် ကဗျာဘွဲ့မှူးမှ ၂၀၁၆ ခုနှဏ် ၅ လပိုင်းထဲက ပြန်လည်ဖြေရှင်းမှုမရှိခဲ့ပဲ ရှောင်တိမ်းနေခဲ့သည့်အတွက် ချေးယူထားသော အတိုးငွေများကိုလည်း မမိုးနှင်းသက်မှ ဆိုက်ရှင်းထားခဲ့ရပြီး ယခုအခါ အပေါင်ထားသည့် ပစ္စည်းများ လက်လွှတ်ဆုံးရှု့းရတော့မည့် အခြေအနေကို ရောက်နေကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သတင်းစာပါ ကြေငြာမှာ အောက်ပါအတိုင်း ရေးသားထားသည်။
**ဒေါ်နော်စေးမှူးဖေါ (ခ) ကဗျာဘွဲ့မှူးနှင့်အများသိစေရန်**
ကျွန်ုပ်တို့၏မိတ်ဆွေ ဒေါ်မိုးနှင်းသက် ၁၃/ညရန(နိုင်)ဝ၇၉၆၃၃၏ ညွှန်ကြား ချက်အရ ဒေါ်နော်စေးမှူးဖော (ခ) ကဗျာဘွဲ့မှူး (ဘ) ဦးစောဇော်ဝင်း (ခ) ဦးစောဘွဲ့မှူး ၁၂/အလန(နိုင်)ဝ၁၁၁၆၂ (ယခုနေရပ်လိပ်စာမသိသူ)နှင့် အများသိစေရန် အောက်ပါ အတိုင်း အသိပေးကြေညာအပ်ပါသည်။
ဒေါ်မိုးနှင်းသက်နှင့် ဒေါ်နော်စေးမှူးဖော (ခ) ကဗျာဘွဲ့မှူးတို့သည် ယောင်းမ တော်စပ်ခဲ့သူများဖြစ်ကြပါ သည်။ ထို့ကြောင့် ဒေါ်နော်စေးမှူးဖော (ခ) ကဗျာဘွဲ့မှူး မှ ၄င်း၏ ZTH စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန်နှင့် အခြား လုပ်ငန်းများလုပ်ကိုင်ရန် ငွေလိုအပ်၍ ငွေအကူအညီပေးပါရန် တောင်းခံခဲ့သဖြင့် ဒေါ်မိုးနှင်းသက်သည် ၄င်းမိတ်ဆွေများထံမှ ငွေများကို အတိုးနှင့်အကြိမ်ကြိမ်ချေးယူ ပေးခဲ့ရပြီး အာမခံအဖြစ် ငွေရှင်များ၏ခိုင်းစေချက်အရ ငွေယုံကြည်အပ်နှံစာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရခြင်း၊ ဒေါ်မိုးနှင်းသက်၏ အဖိုးတန်လက်ဝတ်ရတနာ များကို ပေးအပ်ခဲ့ရခြင်း၊ မြေကွက်အရောင်းအဝယ်စာချုပ်များကိုလည်း ဟန်ဆောင် ချုပ်ဆိုပေးခဲ့ရခြင်းများပြုလုပ်ပေးခဲ့ရကာ ငွေကျပ်သိန်း ၂၅ဝဝ ကို ဒေါ်နော်စေးမှူဖော (ခ) ကဗျာဘွဲ့မှူးထံသို့ အကြိမ်ကြိမ်အကူအညီပေးအပ်ခဲ့ပါသည်။
အဆိုပါငွေများကို ဒေါ်နော်စေးမှူးဖော (ခ) ကဗျာဘွဲ့မှူးမှ ဖြေရှင်းပေးခြင်း မရှိဘဲ၊ ၂ဝ၁၆ ခုနှစ် ၅လပိုင်းမှစ၍ အဆက်အသွယ်များဖြတ်တောက်ကာ ရှောင်တိမ်း လျက်ရှိပါ၍ ယခုအခါတွင် ဒေါ်မိုးနှင်းသက်မှ ငွေရှင်များထံက အတိုးနှင့်ချေးယူထား သည့်ငွေများ၏ ကျသင့်သည့် အတိုးငွေများကိုလည်း ဒေါ်နော်စေးမှူးဖော (ခ) ကဗျာဘွဲ့မှူးကိုယ်စား ငွေရှင်များထံသို့ လစဉ် စိုက်ထုတ်ပေးအပ်ခဲ့ရသည့်အပြင် ငွေရှင် များထံသို့ ဒေါ်မိုးနှင်းသက်မှ အာမခံအဖြစ်ပေးအပ်ထားရသည့် အဖိုးတန်လက်ဝတ် ရတနာများနှင့် မြေကွက်များကို အဆုံးရှုံးခံရတော့မည့်အခြေအနေသို့ ရောက်ရှိနေရပြီး ငွေရှင်များ၏ တရားစွဲဆိုမည်ဟု ပြောဆိုခြင်းများကိုလည်း ကြုံတွေ့နေရပါ၍ ဤကြေညာချက်ပါသည့်ရက်မှစပြီး (၅)ရက်အတွင်း ဒေါ်နော်စေးမှူးဖော (ခ) ကဗျာ ဘွဲ့မှူးမှ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သူ ဒေါ်မိုးနှင်းသက်ထံသို့ ငွေကျပ်သိန်း ၂၅ဝဝ အား တစ်လုံးတစ်ခဲတည်း လာရောက်ပေးအပ်ပါရန် အသိပေးကြေညာအပ်ပါသည်။ အကယ်၍ ပျက်ကွက်ခဲ့ပါက ဥပဒေနှင့်အညီ တရားစွဲဆိုတော့မည်ဖြစ်ပါကြောင်း ဒေါ်နော်စေးမှူးဖော (ခ) ကဗျာဘွဲ့မှူးနှင့် အများသိစေရန် ကြေညာအပ်ပါသည်။
ဒေါ်မိုးနှင်းသက်၏ လွှဲအပ်ညွှန်ကြားချက်အရ
ဦးခင်မောင်လတ် B.A(Law), LL.B.(Advocate)
တရားလွှတ်တော်ရှေ့နေ (စဉ်-၄၂၈၃)
ဒေါ်ချယ်ရီအောင် LL.B., D.B.L., D.I.L., DML,
DL(101) IP, (WIPO) Switzerland အထက်တန်းရှေ့နေ (စဉ်-၃၈၉၉၀)
အမှတ် ၁ဝ/၁၂၊ အခန်း (H)၊ ပထမထပ်၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။