1. Home
  2. Movie Stars - Celebrity

အနုပညာ ကိုပဲ ပိုစိတ်ဝင်စားကြပါ လို့ ပြောလာတဲ့ ၀ိုင်းစုခိုင်သိန်း

Movie Stars - Celebrity ม.ค. 11, 2560 view 1,570

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ၀ိုင်းစုက “ပရိသတ်များကို ဖုံးကွယ်ထားသည့် အကြောင်းအရာမရှိ တဲ့ အတွက် ဝေဖန်မှုထွက်ပေါ် တိုင်း မဖြေရှင်းပါဘူး ပြောချင်တဲ့လူကတော့ ပြောနေမှာပဲ အကုန်လိုက်ပြီးဖြေရှင်းဖို့ မလိုဘူးထင်ပါတယ် ၀ိုင်းစုဘာလုပ်နေတယ်ဆို တာ လူတိုင်းကို ချပြပြီးသား။ ဘယ်အရာကိုမှ ခိုးကြောင်ခိုးဝှက် လုပ်နေတာမရှိဘူး။ နောက်ပြီး ဝိုင်းစု ဘယ်သူ့ကိုမှ မစော်ကား ထားဘူး။ ကိုယ့်ရပ်တည်မှုနဲ့ ကိုယ့်ဟာကိုယ် ကောင်းကောင်းမွန်မွန် ပဲ နေတယ်’’ဟု ဝိုင်းစုခိုင်သိန်းကပြောထားပါတယ် ။

တခြားအနုပညာ ရှင်တွေလဲ ကိုယ့်ရဲ့ပါစင်နယ် ဘာတွေလုပ်နေတယ်ဆိုပြီး ဘယ် သူမှဖွင့်ပြောတယ်လို့ မကြားဖူး ဘူး။ အဲဒီအတွက် ဝိုင်းစုလည်း ပြောစရာမလိုဘူးလို့ ထင်တယ်။ အဓိကကတော့ ဝိုင်းစုရဲ့ ပါစင် နယ်ထက် ဝိုင်းစုအလုပ်ကိုပဲ ဦးစားပေးစေချင်တယ်။ ဝိုင်းစု ဘာလုပ်တယ်ဆိုတာ အရေးကြီး တဲ့အရာတွေအားလုံးကို ချပြနေ ကျလေ လို့ လဲ ပြောထားပါသေးတယ် ။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဖျော်ဖြေပွဲ များ သီဆိုရန် အစီအစဉ်ရှိ ပြီး ‘ဂါ’ တေးစီးရီးအတွက် ဒီဗီဒီလည်း စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ အနုပညာ ရှင်ဖြစ်တာကြောင့် ဝေဖန်မှုကတော့ ခံရမှာပဲ ဝေဖန်မှုတွေတွေကို လဲ ကြံကြံခံ့နိုင်ကြောင်း ပြောသွားခဲ့ ပါတယ်။

Credit:7day daily 



Follow us on